DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၅၁၇ ဦး၊ သေဆုံးသူ ၃ ဦးထပ်တိုးလာ
DVB
·
September 24, 2020
ကိုဗစ်-၁၉ လူနာသစ် ၅၁၇ ဦး၊ သေဆုံးသူ ၃ ဦးထပ်တိုးလာ
Donate to DVB

ကိုဗစ်-၁၉ လူနာသစ် ၅၁၇ ဦး၊ သေဆုံးသူ ၃ ဦးထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ  အတည်ပြုလူနာပေါင်း ၈,၃၄၄  ဦးနဲ့ သေဆုံးသူ အယောက် ၁၅၀ ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ည ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသွားသူ ၃ ဦးကတော့  ရန်ကုန် အမှတ် ၂ တပ်မတော်ဆေးရုံမှာ တက်ရောက်နေတဲ့ အသက် ၇၄ နှစ်အရွယ် အမျိုးသား တစ်ဦးနဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသား တစ်ဦး၊ ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် ၆၁ နှစ်အရွယ် အမျိုးသမီး  တစ်ဦးတို့ ဖြစ်ကြပါတယ်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၁,၀၂၇ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ ဓာတ်ခွဲနမူနာ ၄၉၈ ခု၊ - နေပြည်တော် အမှတ် (၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)မှဓာတ်ခွဲနမူနာ ၂၀၁ ခု အပါအဝင် ဓာတ်ခွဲနမူနာ  စုစုပေါင်း ၂,၄၂၆ ခုကို ဒီနေ့ ညနေ  စစ်ဆေးပြီးစီးခဲ့ရာ အတည်ပြုလူနာသစ် ၅၁၇ ဦး တွေ့ရှိရတာပါ။ 

ဒီနေ့ည ၆ နာရီခွဲအချိန်  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရလည်း   အသက် ၂၇ နှစ်အရွယ် အမျိုးသား ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာ ၁၄ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၄ ရက် ည ၈ နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ပေါင်း  ၈,၃၄၄ ဦး၊ သေဆုံးသူပေါင်း အယောက် ၁၅၀ ၊ ဆေးရုံမှ ဆင်းခွင့်ပြုသူပေါင်း ၂,၃၈၁ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၄၁၆ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013