DVB Logo
Home
မြန်မာသတင်း
၂၇ နှစ်အရွယ် အမျိုးသား ၁ ဦးအပါအဝင် ကိုဗစ်လူနာ ၁၄ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း ၁၄၇ ဦးရှိလာ
DVB
·
September 24, 2020
၂၇ နှစ်အရွယ် အမျိုးသား ၁ ဦးအပါအဝင် ကိုဗစ်လူနာ ၁၄ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း ၁၄၇ ဦးရှိလာ
Donate to DVB

အသက် ၂၇ နှစ်အရွယ် အမျိုးသား ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာ ၁၄ ဦး ထပ်မံသေဆုံးခဲ့ပြီး ဒီနေ့ည ၆ နာရီခွဲအထိ သေဆုံးသူ စုစုပေါင်း ၁၄၇ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သေဆုံးသွားသူတွေကတော့ ရန်ကုန်ပြည်သူ့ဆေးရုံမှာ ကုသနေတဲ့ ၂၇ နှစ်အရွယ်အမျိုးသား  လူနာအမှတ် ၇၁၆၉၊ ၄၄ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၇၁၅၃၊ အသက် ၃၀ အရွယ် အမျိုးသား လူနာအမှတ် ၇၁၈၄၊  ၆၉ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၇၁၈၅၊ ၅၃ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၇၁၈၆၊ ၄၉ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၇၂၀၄ နဲ့ ၇၈ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၇၁၅၇ တို့ ဖြစ်ပါတယ်။

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံမှာတော့ ၆၃ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၇၇၁၈၊ ၇၆ နှစ်အရွယ်အမျိုးသား လူနာအမှတ် ၇၇၁၆၊ ၆၃ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၇၇၄၁ နဲ့ ၈၂ အရွယ်အမျိုးသား လူနာအမှတ် ၇၇၂၇ တို့ သေဆုံးခဲ့ပါတယ်။

ကိုဗစ်-၁၉ ကုသရေးဌာနဖောင်ကြီးမှာတော့ ၅၄ နှစ်အရွယ်အမျိုးသား လူနာအမှတ် ၂၁၇၁ နဲ့ ၆၃ နှစ်အရွယ်အမျိုးသား လူနာအမှတ် ၅၈၈၈ နဲ့ တပ်မတော်အသည်းရောဂါ အထူးကုဆေးရုံကြီးမှာ ကုသနေတဲ့ ၅၉ နှစ်အရွယ်အမျိုးသား လူနာအမှတ် ၄၅၃၄ တို့ သေဆုံးခဲ့တာပါ။

စက်တင်ဘာ ၂၁ ရက်နေ့မှာ ၆ ဦး၊ ၂၂ ရက်နေ့ ၄ ဦး၊ ၂၃ ရက်နေ့ ၂ ဦးနဲ့ ၂၄ ရက်နေ့က ၂ ဦး စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့အတွက် ကိုဗစ်-၁၉ လူနာသစ် ၈၆၉ ဦး စာရင်းထဲမှာတော့ ရန်ကုန်တိုင်းက ၇၈၃ ယောက်နဲ့ အများဆုံး ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ၂၁ ယောက်၊ ဧရာဝတီတိုင်းက ၇ ယောက်၊ မန္တလေးတိုင်းက ၁၅ ယောက်၊ ပဲခူးတိုင်းက ၁၅ ယောက်၊ စစ်ကိုင်းတိုင်းက ၇ ယောက်၊ မွန်ပြည်နယ်က ၁၆ ယောက်၊ ကရင်ပြည်နယ်က ၂ ယောက်၊ ကချင်ပြည်နယ်က ၂ ယောက်နဲ့ မကွေးတိုင်းက ၁ ယောက်၊ စုစုပေါင်း ၈၆၉ ဦး တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့ည ၆ နာရီခွဲအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇,၈၂၇ ဦး၊ သေဆုံးသူ ၁၄၇ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ  ၂,၀၈၅ ဦးနဲ့  စောင့်ကြည့်လူနာအသစ်  ၄၃၈ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013