DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၅၃၅ ဦး ထပ်တွေ့၊ တရက်အတွင်း ပိုးတွေ့လူနာ ၈၆၉ ဦးဖြင့် စံချိန်တင်
DVB
·
September 24, 2020
ကိုဗစ်-၁၉ လူနာသစ် ၅၃၅ ဦး ထပ်တွေ့၊ တရက်အတွင်း ပိုးတွေ့လူနာ ၈၆၉ ဦးဖြင့် စံချိန်တင်
1 / 2
Donate to DVB

ဓာတ်ခွဲနမူနာ ၃,၇၇၀ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၅၃၅ ဦး ထပ်မံတွေ့ရှိပြီး လူနာ ၃ ဦး သေဆုံးခဲ့တာကြောင့် တရက်အတွင်း လူနာသစ် ၈၆၉ ဦး စံချိန်တင်တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁၅၄၃ ခု၊ ဆေးသုတေသနဦးစီးဌာနက၂၉၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၄၅၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) ၁၈၆ ခု၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးက ၇၆ ခု၊ မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးက ၂၃ ခု၊ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးက ၁၃ ခု၊ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးက ၃ ခု၊ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးက ၅ ခု၊ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးက ၁၂ ခု၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံကြီးက ၁၂ ခု၊ မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးက ၂ ခု၊ ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီးက ၂ ခု၊ ဗန်းမော်မြို့က ပြည်သူ့ဆေးရုံကြီးက ၁ ခု၊ မြဝတီမြို့ ပြည်သူ့ဆေးရုံကြီးက ၅ ခု၊ မကွေးမြို့ ပြည်သူ့ဆေးရုံကြီးက ၁၁ ခု၊ ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးက ၁၄ ခု၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးက ၁၆ ခု၊ ထား၀ယ် ပြည်သူ့ဆေးရုံကြီးက ၄ ခု၊ ရန်ကုန်မြို့ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ က ဓာတ်ခွဲနမူနာ ၉၃၀ ခုနဲ့ နေပြည်တော်၊ အမှတ် ၂ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) က ၁၆၆ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၃,၇၇၀ ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၅၃၅ ဦးတွေ့ရှိပါတယ်။

သေဆုံးသွားသူတွေကတော့  တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးမှာ ကုသနေတဲ့ ၇၆ နှစ်အရွယ်အမျိုးသား လူနာအမှတ် ၁၁၄၅၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသနေတဲ့ ၆၇ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၆၇၆၅ နဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံးကြီးမှာ ကုသနေတဲ့ ၇၆ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၅၆၅၁ တို့ ဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်က သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။

မနေ့ညက  ဓာတ်ခွဲနမူနာ ၂,၁၀၂ ခုအား ပထမသုတ်အဖြစ် စစ်ဆေးရာမှာလည်း လူနာသစ် ၃၃၄ ဦးနဲ့ ၁ ဦး သေဆုံးခဲ့တာကြောင့် တရက်အတွင်း လူနာသစ် ၈၆၉ ဦး စံချိန်တင် တွေ့ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇,၈၂၇ ဦး၊ သေဆုံးသူ ၁၃၃ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ  ၂,၀၈၅ ဦးနဲ့  စောင့်ကြည့်လူနာအသစ်  ၄၃၈ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013