DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၃၃၄ ဦး၊ သေဆုံးသူ ၁ ဦးထပ်တိုးလာ
DVB
·
September 23, 2020
ကိုဗစ်-၁၉ လူနာသစ် ၃၃၄ ဦး၊ သေဆုံးသူ ၁ ဦးထပ်တိုးလာ
Donate to DVB

ကိုဗစ်-၁၉ လူနာသစ် ၃၃၄ ဦး၊ သေဆုံးသူ ၁ ဦးထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၇,၂၉၂ ဦးနဲ့ သေဆုံးသူ အယောက် ၁၃၀ ရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ထုတ်ပြန်ပါတယ်။

သေဆုံးသွားသူကတော့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ တက်ရောက်နေတဲ့  (လူနာအမှတ် - ၆၇၇၇ ) အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး စက်တင်ဘာ ၂၀ ရက် မနက် ၃ နာရီခွဲမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။ သေဆုံးချိန်မှာ ဓာတ်ခွဲနမူနာ ပေးပို့ စစ်ဆေးထားဆဲဖြစ်ပြီး သေဆုံးပြီးနောက်မှ ကိုဗစ်-၁၉ ပိုးရှိကြောင်း ဓာတ်ခွဲ အဖြေရရှိတာဖြစ်ပါတယ်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၇၃၂ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ ဓာတ်ခွဲနမူနာ ၃၀၃ ခု၊ နေပြည်တော် အမှတ် (၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)မှဓာတ်ခွဲနမူနာ ၂၃၄ ခု အပါအဝင် စုစုပေါင်း ၂,၁၀၂ ခုကို ဒီနေ့ညနေ စစ်ဆေးပြီးစီးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၃၄ ဦး တွေ့ရှိရတာပါ။ 

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၄ နာရီခွဲအချိန် ထုတ်ပြန်ချက်အရလည်း အသက်  ၉၀ ကျော်အရွယ် လူနာ အမျိုးသား တစ်ဦးအပါအဝင်  ၁၃ ဦးထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၃ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာစုစုပေါင်း ၇,၂၉၂ ဦး၊ သေဆုံးသူ အယောက် ၁၃၀ ၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ  ၂,၀၈၅ ဦး၊  စောင့်ကြည့်လူနာအသစ်  ၄၃၈ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013