DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၂၁၆ ဦး၊ သေဆုံးသူ ၁ ဦးထပ်တိုးလာ
DVB
·
September 23, 2020
ကိုဗစ်-၁၉ လူနာသစ် ၂၁၆ ဦး၊ သေဆုံးသူ ၁ ဦးထပ်တိုးလာ
Donate to DVB

ကိုဗစ်-၁၉ လူနာသစ် ၂၁၆ ဦး၊ သေဆုံးသူ ၁ ဦးထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ  အတည်ပြုလူနာပေါင်း ၆,၉၅၉ ဦးနဲ့ သေဆုံးသူ ၁၁၆ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ မနက် ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသွားသူကတော့ ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးဌာနမှာ တက်ရောက်ဆေးကုသမှု ခံယူနေရတဲ့ (လူနာအမှတ်- ၄၅၈၁ ) အသက် ၄၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး မနေ့ည ၉ နာရီ ၂၀ မိနစ်က သေဆုံးသွားတာဖြစ်ပါတယ်။  

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ ၁,၃၁၁ ခု၊ ဆေးသုတေသနဦးစီးဌာန(DMR) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၁၉၀ ခု၊ ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၁,၁၈၉ ခု အပါအဝင် စုစုပေါင်း ဓာတ်ခွဲနမူနာ ၃,၀၈၃ ခုတို့ကို ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၂၁၆ ဦးတွေ့ရှိတာဖြစ်ပါတယ်။

စက်တင်ဘာ ၂၂ ရက်အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း  ၅,၅၈၂ ခုကို စစ်ဆေးခဲ့ရာမှာ မနေ့ညက  ၂၇၃ ဦး ဒီနေ့မနက် ၂၁၆ ဦး၊  စုစုပေါင်း ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ သစ် ၄၈၉ ဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

စက်တင်ဘာ ၂၃ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း  ၆,၉၅၉ ဦး၊ သေဆုံးသူ ၁၁၆ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁,၉၅၁ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၇၂ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013