DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ လူနာပေါင်း ၆,၇၄၃ ဦးနှင့် သေဆုံးသူပေါင်း ၁၁၅ ဦးအထိရှိလာ
DVB
·
September 22, 2020
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ လူနာပေါင်း ၆,၇၄၃ ဦးနှင့် သေဆုံးသူပေါင်း ၁၁၅ ဦးအထိရှိလာ
Donate to DVB

ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၇၃ ဦး၊ သေဆုံးသူ ၂ ဦး ထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၆,၇၄၃ ဦးနဲ့ သေဆုံးသူပေါင်း ၁၁၅ ဦးအထိရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးလူနာသစ် ၂ ဦးကတော့ သင်္ကန်းကျွန်းဆေးရုံမှာ တက်ရောက်နေတဲ့  ကိုဗစ်-၁၉ (လူနာအမှတ် ၄၅၈၂)  အသက် ၈၀ အရွယ်အမျိုးသမီး တစ်ဦးနဲ့ ရခိုင်ပြည်နယ် ကျောက်တော်ဆေးရုံမှာ တက်ရောက်နေတဲ့  (လူနာအမှတ်-၆၁၄၁) အသက် ၆၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ဖြစ်ပါတယ်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၁,၀၁၇ ခု၊  ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ ဓာတ်ခွဲနမူနာ ၂၈၂ ခု၊ နေပြည်တော် အမှတ် (၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)မှဓာတ်ခွဲနမူနာ ၂၅၃ ခု အပါအဝင် စုစုပေါင်း ၂,၄၉၉ ခုကို ဒီနေ့ညနေ  စစ်ဆေးပြီးစီးခဲ့ရာ  လူနာသစ်  ၂၇၃ ဦး တွေ့ရှိရတာပါ။ 

ဒီကနေ့ညနေ ၄ နာရီခွဲအချိန်ကလည်း  အသက် ၈၀ အရွယ် လူနာ ၂ ဦးအပါအဝင်  ၁၃ ဦး ထပ်မံသေဆုံးသွားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက  ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၂ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ  ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၆,၇၄၃ ဦး၊ သေဆုံးသူ ၁၁၅ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁,၉၅၁ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၇၂ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013