DVB Logo
Home
မြန်မာသတင်း
ရောဂါကူးစက်မှုအမြင့်ဆုံး အမေရိကန်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂ သိန်းကျော် ရှိလာ
DVB
·
September 22, 2020
ရောဂါကူးစက်မှုအမြင့်ဆုံး အမေရိကန်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂ သိန်းကျော် ရှိလာ
Donate to DVB

လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အမေရိကန်နိုင်ငံမှာ ရောဂါကူးစက်သူအရေအတွက် ၇ သန်းကျော်သွားခဲ့ပြီဖြစ်ကာ လက်ရှိအချိန်ထိ သေဆုံး သူအရေအတွက်ဟာ ၂ သိန်းကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာလည်း ၃၁ ဒသမ ၄ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးမှုဟာလည်း ၉ ဒသမ ၆ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ရောဂါကူးစက်မှုအမြင့်ဆုံးနိုင်ငံတွေအဖြစ် အမေရိကန်၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတွေက ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ ရှိနေခဲ့တာ ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံရသူ အရေအတွက် ၅ ဒဿမ ၅ သန်းကျော်၊ သေဆုံးသူ ၈၈,၉၄၃ ယောက်၊ ဘရာဇီးနိုင်ငံမှာ ရောဂါကူးစက်ခံရသူ အရေအတွက် ၄ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၁၃၆,၉၉၇ ယောက် ရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါအသွင် ပျံ့နှံ့ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့(ဒဗလျူအိပ်ပ်ချ်အို)က ဒါကို နိုင်ငံတကာ အရေးပေါ် ကျန်းမာရေး ကိစ္စအနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရတာဖြစ်ပြီး လတ်တလောအချိန်ထိ အရေးတယူလုပ်ဆောင်နေရဆဲ အခြေအနေ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၂၉၁ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၄၃ နေရာထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

ဉရောပနိုင်ငံတွေထဲမှာတော့ ရုရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၁ ဒသမ ၁ သန်းကျေိာ်၊ သေဆုံးသူ ၁၉,၄၈၉ ယောက်နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး သူ့ နောက်မှာတော့ စပိန်၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီနဲ့ ဂျာမနီနိုင်ငံတွေက ရောဂါကူးစက်မှု အမြင့်ဆုံးနိုင်ငံတွေအနေနဲ့ အသီးသီး ရှိနေကြတာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ဖိလစ်ပိုင်က ရောဂါကူးစက်ခံရသူ အရေအတွက် ၂၉၀,၁၉၀ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄,၉၉၉ ယောက်နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး သူ့ နောက်မှာတော့ အင်ဒိုနီးရှားနိုင်ငံက ရောဂါကူးစက်ခံရသူ အရေအတွက် ၂၄၈,၈၅၂ ယောက်၊  စုစုပေါင်း သေဆုံးသူ ၉,၆၇၇ ယောက်နဲ့ ကပ်လိုက်နေပါတယ်။

စင်ကာပူနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ အရေအတွက် ၅၇,၆၀၆ ယောက်၊  စုစုပေါင်း သေဆုံးသူ ၂၇ ယောက်ရှိနေပြီး သူ့နောက်မှာတော့ မလေးရှား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ လာအိုနိုင်ငံတွေ အသီးသီး ရှိနေကြပါတယ်။

တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး  စက်တင်ဘာ ၂၂ ရက် ဒီမနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း  ၆,၄၇၁ ယောက် ၊ သေဆုံးသူပေါင်း  အယောက် ၁၀၀ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013