DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၃၂၀ ဦးနှင့် သေဆုံးသူ ၂ ဦးထပ်တိုး၊ မြန်မာနိုင်ငံ၌ သေဆုံးသူပေါင်း အယောက် ၁၀၀ ရှိလာ
DVB
·
September 22, 2020
ကိုဗစ်-၁၉ လူနာသစ် ၃၂၀ ဦးနှင့် သေဆုံးသူ ၂ ဦးထပ်တိုး၊ မြန်မာနိုင်ငံ၌ သေဆုံးသူပေါင်း အယောက် ၁၀၀ ရှိလာ
Donate to DVB

ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် အယောက်   ၃၂၀ ၊ သေဆုံးသူ နှစ်ယောက် ထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ  ကိုဗစ်-၁၉ ရောဂါနဲ့သေဆုံးသူပေါင်း အယောက် ၁၀၀ ရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက် ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသွားသူ နှစ်ယောက်ကတော့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနမှာ တက်ရောက် ဆေးကုသမှုခံယူနေတဲ့ ကိုဗစ် လူနာအမှတ်- ၃၆၁၀  အသက် ၇၃ နှစ်အရွယ်အမျိုးသားတစ်ယောက် နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှုခံယူနေတဲ့ လူနာအမှတ်- ၅၁၀၂ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ယောက်တို့ ဖြစ်ကြပါတယ်။  

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ်ဓာတ်ခွဲ နမူနာ ၁,၄၃၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၃၆၈ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၉၈ ခု၊ ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ဓာတ်ခွဲနမူနာ ၉၉၈ ခု စုစုပေါင်း ဓာတ်ခွဲနမူနာ ၂,၉၉၇ ခုတို့ကို ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် အယောက် ၃၂၀ တွေ့ရှိတာပါ။

မနေ့ညကလည်း လူနာသစ် ၃၄၆ ယောက်နဲ့ သေဆုံးသူ တစ်ယောက်ရှိကြောင်း ထုတ်ပြန်ထားပြီး  စက်တင်ဘာ ၂၁ ရက်အတွက်   စုစုပေါင်း ဓာတ်ခွဲနမူနာ ၅,၄၃၆ ခုကို  စစ်ဆေးပြီးစီးခဲ့ရာမှာ  မနေ့ည နဲ့ ဒီမနက် စုစုပေါင်း အတည်ပြုလူနာသစ် ၆၆၆ ယောက် တွေ့ရှိတာဖြစ်ပါတယ်။

စက်တင်ဘာ ၂၂ ရက် ဒီမနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း  ၆,၄၇၁ ယောက် ၊ သေဆုံးသူပေါင်း  အယောက် ၁၀၀ ၊  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁,၄၄၅ ယောက်နဲ့ စောင့်ကြည့်လူနာအသစ် ၃၄၅ ယောက်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013