DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၌ ဆိုင်ထိုင်ခွင့်မပြုဟု ဦးဇော်ဌေးပြော 
DVB
·
September 21, 2020
နိုင်ငံတဝန်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၌ ဆိုင်ထိုင်ခွင့်မပြုဟု ဦးဇော်ဌေးပြော 
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ပြည်တွင်း ကူးစက်မှု မြင့်မားနေတဲ့အတွက် စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုင်ထိုင်ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ  ဦးဇော်ဌေးက ပြောပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  အတည်ပြုလူနာ ၅၈၀၅ ဦးနဲ့ သေဆုံးသူ ၉၇ ဦးအထိ ရှိလာနေပြီး အများစုက ပြည်တွင်းကူးစက်မှုကနေ ပြန့်ပွားလာရတာပါ။

ဒါ့ကြောင့် စားသောက်ဆိုင်းနဲ့ လက်ဖက်ရည်ဆိုင်တွေကို ဆိုင်ထိုင်ခွင့်မပြုတော့ဘဲ ပါဆယ်စနစ်နဲ့သာ ရောင်းချရတော့မှာဖြစ်တယ် လို့ ဦးဇော်ဌေးက စက်တင်ဘာ ၂၁ ရက်က ပြောပါတယ်။

ဦးဇော်ဌေးက “ လက်ရှိ ပြည်တွင်းကူးစက်မှုမှာ စားသောက်ဆိုင်တွေ ၊ လက်ဖက်ရည်ဆိုင်တွေ ထိုင်ရာက ကူးစက်မှုတွေ တွေ့ရှိရတဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စားသောက်ဆိုင်တွေ ၊ လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်ထိုင်ခွင့်ပြုတော့မှာ မဟုတ်ဘဲ Take away စနစ်နဲ့သာ ရောင်းချရမှာ ဖြစ်ပါတယ် ” လို့ ပြောပါတယ်။

ပိုးတွေ့လူနာအရေအတွက် အရမ်းမြင့်မားနေတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာလည်း ကိုကိုးကျွန်းကလွဲပြီး ကျန်ဒေသတွေမှာ Stay Home နေဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ၂၁ ရက် မနက် ၉ နာရီ စတင်သက်ဝင်နေပြီဖြစ်ပါတယ်။

ဒီလို ထုတ်ပြန်ထားရာမှာ ဈေးတွေ ၊ Shopping Mall တွေကို ဖွင့်ခွင့်ပေးထားသလို စားသောက်ကုန်၊ သားငါး၊ ကုန်စိမ်း၊ ကုန်ခြောက်၊ တစ်ကိုယ်ရည်သုံးပစ္စည်း၊ ဆေးဝါးနဲ့ လျှပ်စစ်ပစ္စည်းဆိုင်တွေကို ဖွင့်ခွင့်ပေးထားပါတယ်။ ဒါ့အပြင် သတင်းမီဒီယာတွေ အများစုအနေနဲ့ကတော့  Work From Home သာ လုပ်ရမှာ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

“ မီဒီယာတွေလည်း လောလောဆယ်အများစုက Work From Home ပဲ လုပ်ရမှာ ဖြစ်ပါတယ်။ မဖြစ်မနေသွားဖို့ လိုအပ်ဆိုရင် ကျန်းမာရေးစည်းမျဉ်းနဲ့အညီ သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို အကြောင်းကြားပြီး ဆောင်ရွက် ဖို့လိုပါတယ်။ သတင်းယူမယ်ဆိုရင်လည်း အွန်လိုင်းနဲ့ ဖုန်းနဲ့ဆက်သွယ်ပြီး အမေး၊ အဖြေလုပ်တာမျိုးတွေပဲ လုပ်ရမှာ ဖြစ်ပါတယ်။ လတ်တလောမှာ စတူဒီယိုတွေကို အိမ်မှာပဲ အင်တာနက်ချိတ်ပြီး လုပ်ဖို့ တိုက်တွန်းပါတယ် ” လို့ ဦးဇော်ဌေး က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ Stay at Home သတ်မှတ်ထားတဲ့အတွက် သံဃာတော်တွေရဲ့ ဆွမ်းကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ထွေအုပ်တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးမှူးတွေက ပရဟိတတွေ၊ အလှူရှင်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးဖို့အတွက် အရင်ထဲက ညွှန်ကြားထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

သတ်မှတ်ချက်တွေနဲ့အညီ ယာယီအလုပ်ပိတ်ရတဲ့ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီတွေ ဝန်ထမ်းတွေ လစာထောက်ပံ့နိုင်ရေးနဲ့ ပတ်သက်ပြီး အလုပ်ရှင် သို့မဟုတ် လူမှုဖူလုံရေး ရန်ပုံငွေသို့မဟုတ် တခြားနည်းနဲ့ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှင်တွေနဲ့ ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013