DVB Logo
Home
မြန်မာသတင်း
မြင်းခြံဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂၇ ဦးရှိပြီဟု ဆေးရုံအုပ်ကြီးပြော
DVB
·
September 20, 2020
မြင်းခြံဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂၇ ဦးရှိပြီဟု ဆေးရုံအုပ်ကြီးပြော
Donate to DVB

မြင်းခြံဆေးရုံမှာ ဆေးကုသမှုခံနေတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၆ ဦးထဲက  ၂၇ ဦးကို ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးပြီလို့ ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းဝင်းက ပြောပါတယ်။

ဆေးရုံမှဆင်းခွင့်ရသူတွေကို Home Saty ၇ ရက် တိတိကျကျ လိုက်နာနေထိုင်ဖို့နဲ့ Mask ၁ ဘူး၊ Face Shield၊ လက်ဆေးဆပ်ပြာခဲနဲ့ ကိုဗစ်ကော်မတီက လှူဒါန်းထားတဲ့ ခေါက်ဆွဲခြောက်ထုပ် ရိက္ခာတွေလည်း ပေးလိုက်တယ်လို့ ဆိုပါတယ်။

Home Stay ၇ ရက်မပြည့်မီနဲ့ ပြည့်ပြီး ထူးခြားမှု တစ်ခုခုဖြစ်လာပါက ဆက်သွယ်ဖို့  ဖုန်းနံပါတ်တွေလည်း ပေးလိုက်တယ်လို့ ဆရာဝန်ကြီးက ပြောပါတယ်။

မြင်းခြံဆေးရုံမှာ လက်ရှိ ဆေးကုသမှုပေးနေတဲ့ ကိုဗစ် ၁၉ အတည်ပြုလူနာ ၂၉ ဦးလည်း ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။

မြင်းခြံမြို့မှာ Facility Quarantine နဲ့ Hotel Quarantine ထားရှိသူ ၂၈၂ ဦးရှိပြီး အဲဒီထဲက စုစုပေါင်း ၆၉ ဦးအား စက်တင်ဘာ ၁၉ ရက်နေ့က ဒုတိယအကြိမ် ဓာတ်ခွဲနမူနာယူပြီး မန္တလေးမြို့ကို ပေးပို့စစ်ဆေးထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013