DVB Logo
Home
မြန်မာသတင်း
လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ လူနာ ၁ ဦး ပထမဆုံးတွေ့ရှိ
DVB
·
September 20, 2020
လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ လူနာ ၁ ဦး ပထမဆုံးတွေ့ရှိ
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ မြေစာရင်း အငြိမ်းစားဝန်ထမ်းအမျိုးသားတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံး ကူးစက်ခံခဲ့ရတယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဆိုပါ ကူးစက်ခံရတဲ့ အတည်ပြုလူနာဟာ မြေစာရင်းဦးစီးဌာနက အငြိမ်းစားတစ်ဦး ဖြစ်ပြီး ရန်ကုန်မြို့နဲ့ မြောင်းမြမြို့ကို ဇနီးဖြစ်သူ ဘဏ်မန်နေဂျာနဲ့အတူတူ ကားစင်းလုံးငှားယာဉ်နဲ့ သွားလာခဲ့ပြီး ဖျားကာ အနံ့မရတော့တဲ့အတွက် စက်တင်ဘာ ၁၇ ရက်နေ့က နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် ရယူစစ်ဆေးခဲ့ပြီးတဲ့နောက် အခုလိုတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါလူနာနဲ့ ထိတွေ့ခဲ့သူတွေကို မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးကို နမူနာပေးပို့ စစ်ဆေးခဲ့ပေမယ့် ရောဂါပိုးမတွေ့ရှိရဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် ဘိုကလေးမြို့နယ်ထဲက ကျန်းမာရေးအမျိုးသား ဝန်ထမ်းတဦးဆီမှာလည်း ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါအမျိုးသားဟာ တီဘီရောဂါတိုက်ဖျက်ရေးဌာနက ကျန်းမာရေးဝန်ထမ်းဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်နေ့က အာသီးရောင် ခေါင်းကိုက်လို့ ကျန်းမာရေးစစ်ဆေးမှု ယူကာ Quarantine ဝင်ရောက်ခဲ့သူဖြစ်ပြီး အဲဒီနောက်မှာတော့ ရောဂါပိုးတွေ့ရှိခဲ့တာပါ။

လက်ရှိမှာတော့ စက်တင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းအထိ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ဧရာဝတီတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀၆ ဦးအထိရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013