DVB Logo
Home
မြန်မာသတင်း
မြန်မာတနိုင်ငံလုံးက ရဲတပ်ဖွဲ့ဝင် ၄၄ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရ
DVB
·
September 20, 2020
မြန်မာတနိုင်ငံလုံးက ရဲတပ်ဖွဲ့ဝင် ၄၄ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရ
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ ရဲတပ်ဖွဲ့ဝင် ၄၄ ယောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ ရဲမှူးကြီးကျော်သီဟက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းဟာ  သြဂုတ် ၁၆ ရက်နေ့ကစလို့ တကျော့ပြန်လာပြီးနောက် အစိုးရဝန်ထမ်းကအစ လူထုလူတန်းစားအလွှာ အသီးသီးဆီ လျင်မြန်စွာနဲ့ ကူးစက်ပျံ့နှံ့လာခဲ့ပါတယ်။ 

ကူးစက်မှုနှုန်း အရှိန်မြင့်လာတဲ့အခြေအနေမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက နေ့စဉ် ကူးစက်ခံလူနာသစ်တွေ ၁၀၀ ကျော်လောက် တိုးလာရာက အခုရက်ပိုင်းအတွင်း ၃၀၀ ကျော် ၄၀၀ လောက် ရှိလာခဲ့ပါတယ်။

ဒီကူးစက်ခံလူနာတွေထဲက ကိုဗစ်-၁၉ စဖြစ်ချိန်ကစပြီး မနေ့ကအထိ မြန်မာတနိုင်ငံလုံးက  ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၄၄ ယောက်ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟက DVB ကို ပြောပါတယ်။

“ရောဂါကူးစက်ခံရတဲ့  တပ်ဖွဲ့ဝင်တွေကိုတော့  သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်ရှိ ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေပါတယ်။ ရောဂါကူးစက်ခံရတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့မိတဲ့သူတွေကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တွေက  ကျန်းမာရေးဦးစီးဌာနနဲ့ ဌာနဆိုင်ရာတွေက ဖွင့်လှစ်ထားရှိတဲ့ Quarantine နေရာတွေမှာ ထားရှိပါတယ်။” 

ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တရားခံဖမ်းဆီးရေးလုပ်ငန်းတွေမှာလည်း ရောဂါကူးစက်မှုမရှိစေရေး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ စနစ်တကျ လိုက်နာ ဆောင်ရွက်နေကြောင်း၊ ရဲလုပ်ငန်းဟာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ကိုင်ရပြီး ဥပဒေအရ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တရားခံဖမ်းဆီးရေးမှာ ကိုဗစ်ကြောင့် နှောင့်နှေးသွားတာမရှိကြောင်းလည်း ရဲမှူးကြီးကျော်သီဟက DVB ကို ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၄၄ ဦးထဲက  ရောဂါပျောက်ကင်းပြီး ပြန်ကောင်းလာတဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၉ ယောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၀ ရက်နေ့ မနက် ၈ နာရီအချိန်အထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၅,၂၆၃ ယောက်ရှိပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013