DVB Logo
Home
မြန်မာသတင်း
တရက်အတွင်း ကိုဗစ်-၁၉ လူနာသစ် ၆၄၂ ဦး စံချိန်တင်တွေ့ရှိ၊ စုစုပေါင်း ၅,၂၆၃ ဦးရှိလာ
DVB
·
September 20, 2020
တရက်အတွင်း ကိုဗစ်-၁၉ လူနာသစ် ၆၄၂ ဦး စံချိန်တင်တွေ့ရှိ၊ စုစုပေါင်း ၅,၂၆၃ ဦးရှိလာ
Donate to DVB

ဓာတ်ခွဲနမူနာ ၃,၁၃၂ ခုအား ဒုတိယသုတ်အဖြစ် စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြု လူနာသစ် ၃၉၃ စံချိန်တင်ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း လူနာ ၅,၂၆၃ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ၁,၄၂၀ ခု၊ ဆေးသုတေသနဦးစီးဌာနက ၁၅၈ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၃၉၈ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၃၂၀ ခု၊ ထားဝယ်မြို့ - ပြည်သူ့ဆေးရုံကြီးက ၁ ခုနဲ့ ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ က ၈၃၅ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၃,၁၃၂ ခုတို့အား ထပ်မံစစ်ဆေးပြီးစီးခဲ့ပြီး လူနာသစ် ၃၉၃ ဦး တွေ့ရှိခဲ့တာပါ။

မနေ့ညက ဓာတ်ခွဲနမူနာ ၂,၁၆၆ ခုအား ပထမသုတ် စစ်ဆေးရာမှာလည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၄၉ ဦး ထပ်မံတွေ့ရှိတာကြောင့် တရက်အတွင်း ဓာတ်ခွဲနမူနာ ၅,၂၉၈ ခုအား စစ်ဆေးခဲ့ပြီး လူနာသစ် ၆၄၂ ဦး စံချိန်တင် တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၂၆၃ ဦး၊ သေဆုံးသူ ၈၁ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်း ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးသူ ၁,၁၈၈ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၂၈ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013