DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၂၄၉ ဦး ထပ်မံတွေ့ရှိ၊ လူနာစုစုပေါင်း ၄,၈၇၀ ရှိလာ
DVB
·
September 19, 2020
ကိုဗစ်-၁၉ လူနာသစ် ၂၄၉ ဦး ထပ်မံတွေ့ရှိ၊ လူနာစုစုပေါင်း ၄,၈၇၀ ရှိလာ
Donate to DVB

စက်တင်ဘာ ၁၉ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၂,၁၆၆ ခုအား ပထမသုတ် စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၄၉ ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း လူနာ ၄,၈၇၀ ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ၈၁၅ ခု၊ ဆေးသုတေသနဦးစီးဌာန က ၂၃၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၅၂၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က အခု ၂၄၀၊ စစ်တွေမြို့  ပြည်သူ့ဆေးရုံကြီးက ၆၄ ခု၊ ကျောက်ဖြူမြို့  ပြည်သူ့ဆေးရုံကြီးက ၈ ခု၊ ဗန်းမော်မြို့ ပြည်သူ့ဆေးရုံကြီးက အခု  ၂၀၊ မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးက ၃ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀ က ၁၈ ခုနဲ့ နေပြည်တော် အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ က ၂၃၀ ခု၊ စုစုပေါင်း ၂,၁၆၆ ခုအား ဒီနေ့က စစ်ဆေးပြီးစီးခဲ့ပြီး လူနာသစ် ၂၄၉ ဦး တွေ့ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄,၈၇၀၊ သေဆုံးသူ ၈၁ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးသူ ဓာတ်ခွဲအတည်ပြု လူနာဟောင်း ၁,၁၈၈ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၂၈ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၀ ဒသ ၇ သန်းကျော်၊ သေဆုံးသူ ၉ သိန်း ၅ သောင်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၂ ဒသမ ၃ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013