DVB Logo
Home
မြန်မာသတင်း
ပိုးတွေ့လူနာ ၈ ဦးရှိလာသည့် သီရိမင်္ဂလာဈေးသစ် ပိတ်ရန်အစီအစဉ်မရှိသေးဟု ဈေးတာဝန်ခံပြော
DVB
·
September 19, 2020
ပိုးတွေ့လူနာ ၈ ဦးရှိလာသည့် သီရိမင်္ဂလာဈေးသစ် ပိတ်ရန်အစီအစဉ်မရှိသေးဟု ဈေးတာဝန်ခံပြော
Donate to DVB

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးသစ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦးအထိ တွေ့ရှိထားတယ်လို့ လှိုင်မြို့နယ် ကျန်းမာရေးဦးစီးဌာနက စက်တင်ဘာ ၁၉ ရက်နေ့မှာ အတည်ပြုပါတယ်။ 

သီရိမင်္ဂလာဈေးမှာတွေ့တဲ့ အတည်ပြုလူနာတွေမှာ ဖျားတာ၊ အနံ့မရတာ စတဲ့ လက္ခဏာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

ပိုးတွေ့လူနာတွေနေထိုင်ခဲ့တဲ့ ဆိုင်ခန်းတွေကိုတော့ Lockdown  ချထားပြီး ဈေးတစ်ခုလုံးကိုပိတ်ဖို့တော့ အစီအစဉ်မရှိသေးဘူးလို့ ဈေးတာဝန်ခံ ဦးအောင်လင်းဦးက ပြောပါတယ်။

“ကျနော်တို့က ဈေးတော့ပိတ်ဖို့ အစီအစဉ်မရှိသေးပါဘူး။ ပိုးတွေ့လူနာတွေနေခဲ့တဲ့ ဆိုင်ခန်းတွေမှာတော့ Lockdown တွေချထားပါတယ်။ စီမံခန့်ခွဲမှုအနေနဲ့က ပထမလှိုင်း မတ်လ ၂၃ ရက်နေ့ကတည်းက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို အကောင်အထည်ဖော်ခဲ့ပါတယ်။” 

သီရိမင်္ဂလာဈေးဟာ ရန်ကုန်တမြို့လုံးကို ကုန်စိမ်းဖြန့်ဝေတဲ့ ဈေးဖြစ်တဲ့အတွက် ရောဂါကူးစက်ခံရတဲ့ သတင်းအပေါ် စိုးရိမ်စိတ်တွေရှိနေကြပါတယ်။

လှိုင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက “တော်တော်များများက အနံ့ပျောက်တာ၊ ပထမဆုံးတစ်ယောက်က ဖျားတာ။ ဆေးရုံပို့ပြီး စစ်လိုက်တော့ ကိုဗစ်ဖြစ်နေတာ။ ဈေးကို စီမံခန့် ခွဲတာကတော့ စည်ပင်ကလုပ်မှာ။ လက်ရှိအချိန်အထိတော့ ဈေးပိတ်တာမရှိသေးဘူး။ သူတို့နဲ့ထိတွေ့သူ တော်တော်များများကိုတော့ ကွာရန်တင်းစင်တာပို့လိုက်ပြီ” လို့ပြောပါတယ်။

သီရိမင်္ဂလာဈေးမှာ ကိုဗစ်-၁၉ ကာလစတင်ကတည်းက ကုန်ကားဝင်ရောက်တာ ၈၀ ရာခိုင်နှုန်းလျော့ကျပြီး ၂၀ရာ ခိုင်နှုန်းပဲ အဝင်အထွက်ရှိတော့တာပါ။ 

တရုတ်နိုင်ငံက ကုန်ပစ္စည်းကလည်း အဝင်မရှိတဲ့အတွက် ဈေးမှာ လူများများမရှိဘူးလို့ ဈေးတာဝန်ခံဦးအောင်လင်းဦးကပြောပါတယ်။

“ကုန်ကားက လက်ရှိအနေအထားအရ ၂၀ ရာခိုင်နှုန်းလောက်ပဲရှိပါတော့တယ်။ ကုန်ကား ၇၀၀၊ ၈၀၀ ဝင်တဲ့ အခြေအနေကနေ မနေ့ကဆို ၈၂ စီးပဲဝင်တာ ရှိပါတော့တယ်။ ကုန်စိမ်းဝင်ရောက်မှုက အရင်တုန်းကထက် တဝက်လောက်လျော့ကျသွားပါတယ်။ တရုတ်ပြည်က ကုန်ပစ္စည်းဝင်တာ မရှိသလောက်ဖြစ်နေတဲ့ ဈေးမှာလည်း လူမရှိသလောက် ဖြစ်နေပါပြီ။”

ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၈ ရက်မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ သီရိမင်္ဂလာဈေးတည်ရှိရာ လှိုင်မြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ အတည်ပြုလူနာ ၁၅၈ ဦးအထိ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013