DVB Logo
Home
မြန်မာသတင်း
တပတ်အတွင်း ပိုးတွေ့လူနာရှိသည့် မြို့ပေါင်း ၆၀ ကျော် ထပ်တိုးလာ
DVB
·
September 19, 2020
တပတ်အတွင်း ပိုးတွေ့လူနာရှိသည့် မြို့ပေါင်း ၆၀ ကျော် ထပ်တိုးလာ
Donate to DVB

တပတ်အတွင်းမှာ ပိုးတွေ့လူနာရှိတဲ့ မြို့ပေါင်း ၆၀ ကျော် ထပ်တိုးလာပြီး မြန်မာနိုင်ငံထဲက မြို့ပေါင်း ထက်ဝက်လောက်မှာ ပိုးတွေ့လူနာတွေရှိနေပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဌာနရဲ့ စာရင်းတွေအရ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းအထိ မြို့နယ်ပေါင်း ၁၁၇ မြို့နယ်မှာ ပိုးတွေ့လူနာရှိခဲ့ပြီး စက်တင်ဘာ ၁၈ ရက်မနက်ပိုင်းမှာတော့ ၁၇၉ မြို့နယ် ဖြစ်လာပါတယ်။

တိုင်းနဲ့ပြည်နယ်တွေထဲမှာ ကယားပြည်နယ်တခုပဲ ပိုးတွေ့လူနာမရှိသလို မြန်မာနိုင်ငံက မြို့ပေါင်း ၃၃၀ ထဲက ၅၁ မြို့နယ်မှာတော့ ပိုးတွေ့လူနာ မရှိပါဘူး။

ရန်ကုန်တိုင်းက မြို့နယ် ၄၃ မြို့နယ်မှာ ပိုးတွေ့လူနာရှိပြီး သင်္ဃန်းကျွန်းမြို့နယ်မှာ ၃၂၇ ယောက်၊ အင်းစိန်မှာ ၁၆၉ ယောက်၊ တောင်ဥက္ကလာပမှာ ၁၆၄ ယောက်၊ လှိုင်မှာ ၁၅၈ ယောက်၊ တာမွေမှာ ၁၅၁ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။ 

ပဲခူးတိုင်းမှာတော့ ၁၆ မြို့နယ်မှာ ပိုးတွေ့လူနာရှိပြီး ဒိုက်ဦးမှာ ၂၅ ယောက်၊ ကဝမှာ ၂၈ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ ၁၁ မြို့၊ ချင်းပြည်နယ်မှာ ၅ မြို့၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ၃ မြို့၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၆ မြို့၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၂ မြို့၊ နေပြည်တော်က ၇ မြို့နယ်တို့မှာ ပိုးတွေ့လူနာတွေရှိပါတယ်။

မကွေးတိုင်းမှာ ၇ မြို့၊ ကရင်ပြည်နယ်မှာ ၅ မြို့၊ ကချင်ပြည်နယ်မှာ ၅ မြို့နဲ့ တနင်္သာရီတိုင်းမှာ ၆ မြို့ အတည်ပြုလူနာတွေ တွေ့ခဲ့ပြီး ဖြစ်ပါတယ်။

မွန်ပြည်နယ်က ၈ မြို့မှာ အတည်ပြုလူနာတွေ တွေ့ထားပြီး မော်လမြိုင်မှာ အယောက် ၈၀ နဲ့ အများဆုံး၊ ဧရာဝတီတိုင်းက ၁၈ မြို့နယ်မှာ အတည်ပြုလူနာတွေ့ထားပြီး ပုသိမ်မှာ ၂၇ ယောက်၊ မအူပင်မှာ အယောက် ၂၀ နဲ့ အများဆုံးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ တပြည်နယ်လုံးမှာ ပိုးတွေ့လူနာတွေ့ထားရပြီး စစ်တွေမှာ ၅၂၁ ယောက်နဲ့ အများဆုံး၊ မန္တလေးတိုင်းမှာတော့ ၁၈ မြို့နယ်တွေ့ရာမှာ မြင်းခြံက လူနာအယောက် ၅၇ ယောက် နဲ့ အများဆုံးဖြစ်ပါတယ်။

ဒီစာရင်းဟာ စက်တင်ဘာ ၁၈ ရက် မနက် ၇ နာရီအထိဖြစ်တယ်လို့ ကျန်းမာရေးဌာနက ဖော်ပြထားပါတယ်။

မနေ့က တရက်လုံး စစ်ဆေးချက်အရ လူနာသစ် ၃၂၂ ယောက် တွေ့ရတာကြောင့် ဒီမနက်အထိ အတည်ပြုလူနာ စုစုပေါင်း ၄၆၂၁ ယောက်၊ သေဆုံးသူက ၇၅ ယောက်၊ ဆေးရုံက ဆင်းခွင့်ရသူ အယောက် ၁၁၃၀ ရှိတာကြောင့် လက်ရှိဆေးရုံတွေမှာ ၃၄၉၁ ယောက် တက်ရောက် ကုသခံနေပါတယ်။

စက်တင်ဘာ ၁၆ ရက် ညနေ ၅ နာရီအထိ တနိုင်ငံလုံးမှာ လူပေါင်း ၄၂၀၀၀ ကျော်ကို အသွားအလာကန့်သတ်စောင့်ကြည့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013