DVB Logo
Home
ကျန်းမာရေး
အသုံးမတတ်ရင် ကိုယ့်ကို ပြန်ပြီး ဘေးဖြစ်စေမယ့် Face Shield
DVB
·
September 19, 2020
အသုံးမတတ်ရင် ကိုယ့်ကို ပြန်ပြီး ဘေးဖြစ်စေမယ့် Face Shield
Donate to DVB

Face Shield နဲ့ ပတ်သက်ပြီး အခုဆိုရင် ကျန်းမာရေးစောင့်ရှောက်သူတွေသာမက ပြည်သူတွေပါ အသုံးများလာတာကို သတိထားမိပါတယ်။ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ခုလို Covid-19 ကပ်ဘေးကာလအတွက် တော်တော်လေးကို ကောင်းတဲ့အချက်လို့ ဆိုရမှာပါ။ ဒါပေမယ့် မှားယွင်းနေတာလေးတွေတော့ တွေ့ရပါသေးတယ်။

Face Shield ဆိုတာ ဘာလဲ။

Mask အပြင် ရောဂါပိုးတွေကို ထပ်ပြီးအပိုကာကွယ်ပေးနိုင်ဖို့အတွက် တပ်ဆင်ပေးရတဲ့ ကိရိယာပါ။ အရှေ့ဘက်မှာ ပလတ်စတစ် အခုံးတစ်ခုပါရှိပြီး ဒီအခုံးဟာ တပ်ဆင်ထားသူရဲ့ အသက်ရှူလမ်းကြောင်းထဲက အမှုန်အမွှားများကို အပြင်ဘက် မရောက်ဘဲ ပလတ်စတစ်အပြားပေါ်မှာ ကပ်သွားစေပါတယ်။ Face Shield ဟာ နားရွက်နှစ်ဖက်အထိ ခုံးနေတာဖြစ်လို့ အရှေ့ဘက်က တည့်တည့်ဝင်လာတဲ့ ရောဂါပိုးများကို အပြင်ဘက်ခြမ်းမှာ ကပ်သွားစေပါတယ်။

Face Shield ကို ဘယ်သူတွေ အများဆုံးတပ်ဆင်နေကြလဲ။

ကလေးငယ်တွေနဲ့ အသက်ကြီးပိုင်း ဘိုးဘွားအရွယ်တွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများရှိသူ၊ ကျန်းမာရေးစောင့်ရှောက်သူတွေ ပိုပြီး တပ်ဆင်တာများပါတယ်။ N95 Mask သို့မဟုတ် Surgical Mask တွေကို မတတ်နိုင်တဲ့ အခြေခံလူတန်းစားတွေ၊ Cloth Mask ကိုပဲ တပ်ဆင်ပြီး စျေးဝယ်ထွက်နေသူတွေဆိုရင် Face Shield ပါ တွဲပြီးတပ်ဆင်ခြင်းဖြင့် ကိုယ့်ရဲ့ ရောဂါပိုးကာကွယ်နိုင်ခြေကို မြှင့်တင်ပေးလို့ရပါတယ်။

Face Shield ရဲ့ ပြဿနာက ဘာလဲ။

သူက တပ်ဆင်ထားသူမှာ ရောဂါပိုးရှိနေရင် တခြားသူတွေကို ပြန်ကူးစက်နိုင်ခြေနည်းစေဖို့ ထိန်းချုပ်ပေးပါတယ်။ ဒါပေမယ့် ၃၆၀ ဒီဂရီ ပတ်လည်ထားတာမဟုတ်ဘဲ အရှေ့ဘက်နဲ့ ဘေးဘက်အနည်းငယ်ကိုသာ ကာကွယ်ပေးနိုင်တာ ဖြစ်တဲ့အတွက် Face Shield တစ်မျိုးတည်းတပ်ဆင်ပြီး Mask မတပ်ရင်တော့ လွတ်နေတဲ့ အနောက်ဘက်ကနေ ရောဂါပိုးတွေ ဝင်လာပြီး ကူးနိုင်ခြေ ရှိပါတယ်။ နောက်ထပ်တစ်ခုက Face Shield မှာ ရောဂါပိုးမွှားတွေကို ကပ်ငြိစေတဲ့ Filter အလွှာ မပါဝင်ပါဘူး။ ဒီတော့ ရောဂါပိုးမွှားတွေ Face Shield မှာ ကပ်နေရင် တခြားနေရာတွေဆီကို ပျံ့သွားနိုင်သလို Mask မတပ်ထားရင် ကပ်နေတဲ့ ရောဂါပိုးတွေကို အလွယ်တကူ ရှူမိသွားနိုင်ပါတယ်။

Face Shield ကို ပိုးသန့်စင်ဖို့ လိုအပ်လား။

ဟုတ်ကဲ့ မဖြစ်မနေ ပိုးသန့်စင်ပေးဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ Face Shield က ဖုန်နဲ့ တခြားအမှုန်အမွှား၊ ရောဂါပိုးတွေ ကပ်ငြိစေတာဖြစ်လို့ ဒီပစ္စည်းကို အိမ်ပြန်ရောက်တာနဲ့ အမြန်ပိုးသန့်စင်မှ Face Shield ကနေ တခြားအိမ်မှာရှိနေတဲ့ ပစ္စည်းတွေ၊ မိသားစုဝင်တွေကို ပြန်ပြီးကူးစက်စေနိုင်ပါတယ်။ ပိုးသန့်စင်ဖို့အတွက် Face Shield ကို ခေါင်းမှာစွပ်တဲ့ အပေါ်စွပ်ကနေ ကိုင်ချွတ်ပါ။ ပြီးသွားရင် အဝတ်လျှော်ဆပ်ပြာနဲ့ ဘရပ်ရှ်တစ်ခုယူပြီး Face Shield ကို နေရာလပ်မချန် တိုက်ချွတ်ပေးပါ။ ပြီးသွားမှ ရေနဲ့ ပြောင်စင်အောင်လောင်းချပြီး နေပြန်လှန်းပါ သို့မဟုတ် အခြောက်ခံပါ။

Face Shield ကို ထိရောက်စွာ အသုံးပြုနည်း

၁။ Mask တပ်ဆင်ခြင်းသည်သာ ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းပါ။ ဒါကို လုံးဝမမေ့ပါနဲ့။ ၂။ Mask ကို အရင်တပ်ပြီးမှ Face Shield ကို ခေါင်းမှာ စွပ်ပါ။ ၃။ အပြင်သွားနေရင် မလိုအပ်ဘဲ Face Shield ကို မကိုင်ပါနဲ့၊ မထိပါနဲ့။ ၄။ Mask တပ်နေရင်း အသက်ရှူကျပ်လာရင် လူနည်းတဲ့ သို့မဟုတ် လူမရှိတဲ့ နေရာရောက်မှ လက်ကို ရေမလိုလက်သန့်စင်ဆေးရည်နဲ့ အရင်ဆေးပြီး Mask ကို ဟ၍ အသက်ဝအောင်ရှူပါ။ ပြီးတာနဲ့ Mask ပြန်တပ်ပြီး လက်ပြန်ဆေးပါ။ လိုရာခရီးကို အမြန်သွား၍ အိမ်ပြန်ပါ။ Face Shield သည် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် ရာနှုန်းပြည့် ကာကွယ်နိုင်တာ မဟုတ်သလို သူ့တစ်မျိုးတည်း အသုံးပြုလို့လည်း မရပါဘူး။ ဒီအတွက် အမြဲတမ်း လက်ကို စနစ်တကျဆေးပါ၊ Mask ကိုလည်း စနစ်တကျ တပ်ဆင်ပါ။ တတ်နိုင်သလောက် အကြောင်းမရှိဘဲ အပြင်မထွက်ပါနဲ့လို့ ထပ်ပြီး သတိပေးတိုက်တွန်းလိုက်ပါတယ်။ ရေးသားသူ Ye Myo Myat ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။





Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013