DVB Logo
Home
မြန်မာသတင်း
COVID-19 ကာကွယ်ရန် တောင်ကြီးမြို့တွင် လက်လုပ် Face Shield များ အခမဲ့ဖြန့်ဝေ
DVB
·
April 5, 2020
COVID-19 ကာကွယ်ရန် တောင်ကြီးမြို့တွင် လက်လုပ် Face Shield များ အခမဲ့ဖြန့်ဝေ
Donate to DVB

Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြုလုပ်တဲ့ Hand Made Face Shield တွေကို ဧပြီလ ၄ ရက်နေ့က တောင်ကြီးမြို့ စျေးရောင်းချသူတွေကို အခမဲ့ပေးဝေခဲ့ပါတယ်။

တောင်ကြီးမြို့နယ်အတွင်း စစ်ဆေးရေးဂိတ်တွေ၊ ဆေးဖျန်းဝန်ထမ်းတွေ စေတနာ့ ဝန်ထမ်းတွေ၊ Quarantine Centerတွေအတွက် ရည်ရွယ်ထားပေမယ့် ထွေအုပ်ဝန်ထမ်းတွေက အားတဲ့အချိန်မှာပြုလုပ်ရင် တစ်ရက်ကို အခု ၅၀၀ ရတဲ့အတွက် ပထမဆုံး အနေနဲ့ စျေးရောင်းချသူတွေကို ပေးဝေတာလို့  မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောပါတယ်။

ပျံကျစျေး စျေးရောင်သူတွေဟာ စျေးရောင်းနေရင်းနဲ့ mask တပ်ဖို့မေ့သွားတာတွေ၊ ပြီးတော့ ရောဂါကို ကြောက်ရမှန်းသိပေမယ့် ရောင်းဝယ်ပြုလုပ်ရင်း သတိမထားမိဘဲ မေ့သွားတာ တွေရှိတယ်လို့ ကုန်စိမ်းရောင်းချသူ ကိုကာဠုက ပြောပါတယ်။

တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ Hand Made Face Shield ကို အားတဲ့အချိန်မှသာ ပြုလုပ်ပြီး ရရှိသမျှကို ပေးဝေသွားမှာ ဖြစ်ပါတယ်။

တောင်ကြီးမြို့နယ် မြို့အဝင်အထွက် လေးနေရာမှာ စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး ၂၄ နာရီ မော်တော်ယာဉ်တွေ ပိုးသတ်ဆေးဖျန်းတာ၊ ခရီးသည်တွေ ကျန်းမာရေးစစ်ဆေးတာ၊ ကိုယ်အပူချိန်တိုင်းခြင်းကို ပြုလုပ်ပေးတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ Quarantine Center အတွက် အဓိက ရည်ရွယ်ထုတ်လုပ်တာ ဖြစ်ပါတယ်။

အဲဒီ Hand Made Face Shield ကို ထွေအုပ်ဝန်ထမ်းတွေက တရက်ကို ၅၀၀ လောက် ပြုလုပ်နိုင်ပြီး တခုကို ၂၅၀ ကျပ်လောက်သာ ကုန်ကျစရိတ်ရှိတဲ့အတွက် လူကိုယ်တိုင် လိုက်လုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013