
We Love North Dagon ရဲ့ Face Shield Campaign ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဒဂုံရွှေပြည်ဈေးမှာ မေလ ၁၀ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။
Mask နဲ့ Face Shield အစုံ ၆၀၀ ကိုလည်း ဒဂုံရွှေပြည်ဈေးသူဈေးသားတွေနနဲ့ ဈေးဝယ်သူတွေကို လိုက်လံဝေငှကာ Mask နဲ့ Face Shield စနစ်ကျတပ်ဆင်ဖို့ ပညာပေးလှုံဆော်ခဲ့ပါတယ်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စည်ပင်သာယာရေးကော်မတီရဲ့ စီမံဆောင်ရွက်မှုတွေနဲ့အတူ အ.ထ.က ၄ ကျောင်းသူ/သားဟောင်းတွေ၊ Union Power Con .ltd တို့နဲ့ We ❤️ North Dagon အဖွဲ့သားတွေ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး တတိယမြောက်လှူဒါန်းတာပါ။
Photo - Ye Myo Khant / MPA










