DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁၆၈ ဦးနှင့်  သေဆုံးသူ ၂ ဦးထပ်တိုးလာ
DVB
·
September 18, 2020
ကိုဗစ်-၁၉ လူနာသစ် ၁၆၈ ဦးနှင့်  သေဆုံးသူ ၂ ဦးထပ်တိုးလာ
Donate to DVB

ကိုဗစ်-၁၉ လူနာသစ် ၁၆၈ ဦး၊ သေဆုံးသူ ၂ ဦးထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၄,၄၆၇ဦး နဲ့ သေဆုံးသူ အယောက် ၇၀ ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှုခံယူနေတဲ့ အသက် ၂၃ နှစ်အရွယ်အမျိုးသမီး လူနာတစ်ဦးဟာ ဒီကနေ့ မနက် ၁၀ နာရီခွဲက သေဆုံးသွားသလို ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးမှာ တက်ရောက်နေတဲ့ အသက် ၇၄ နှစ်အရွယ် အမျိုးသား တစ်ဦးဟာလည်း ဒီနေ့ညနေ ၄ နာရီမှာ သေဆုံးသွားတာလို့ သိရပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၁,၀၁၄ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၃၀၁ ခု၊  နေပြည်တော် အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)မှ ဓာတ်ခွဲနမူနာ ၁၅၆ ခုအပါအဝင် စုစုပေါင်း  ၂,၅၃၄ ခု ကို ဒီနေ့ညနေ  စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၁၆၈ ဦး တွေ့ရှိရတာပါ။

ဒီကနေ့ ညနေ ၄ နာရီ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ  ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးက အသက် ၇၀ အရွယ် အမျိုးသား ၁ ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ၅ ဦး၊ မြောက်ဥက္ကလာ အထွေထွေရောဂါကုဆေးရုံကြီးက အသက် ၄၄ နှစ်အရွယ် အမျိုးသား ၁ ဦး စုစုပေါင်း ၇ ဦးသေဆုံးသွားတယ်လို့လည်း သိရပါတယ်။ 

စက်တင်ဘာ ၁၈ ရက်ည ၈ နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာစုစုပေါင်း ၄,၄၆၇ ဦး၊ သေဆုံးသူ အယောက် ၇၀ ၊  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁,၁၃၀ ဦးနဲ့ စောင့်ကြည့်လူနာအသစ်  ၃၁၃  ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013