DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူပေါင်း ၆၀ ဦးနှင့် အတည်ပြုလူနာ ၄,၀၄၃  ဦးရှိလာ
DVB
·
September 17, 2020
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူပေါင်း ၆၀ ဦးနှင့် အတည်ပြုလူနာ ၄,၀၄၃  ဦးရှိလာ
Donate to DVB

ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၄၈ ဦး၊ သေဆုံးသူ ၃ ဦးထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူပေါင်း ၆၀ ဦးနဲ့ အတည်ပြုလူနာပေါင်း ၄,၀၄၃  ဦးအထိရှိလာပြီလို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသွားတဲ့ လူနာ ၃ ဦးကတော့ တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးက အသက် ၆၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ ဝေဘာဂီဆေးရုံကြီးက အသက် ၄၂ နှစ်အရွယ် အမျိုးသား တစ်ဦးနဲ့ ရန်ကုန် ကုတင် (၅၀၀) အထူးကုဆေးရုံကြီးက အသက် ၆၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြပါတယ်။

ဒီကနေ့မွန်းလွဲ ၃ နာရီကလည်း ကိုဗစ်-၁၉ လူနာ  ၁၁ ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့ပြီး  ဒီကနေ့ညထုတ်ပြန်တဲ့  သေဆုံးလူနာ ၃  ဦးပါနဲ့ဆိုရင် သေဆုံးသူ စုစုပေါင်း ၁၄ ဦးရှိပါတယ်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၅၅၂ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ (ပထမအသုတ်)ဓာတ်ခွဲနမူနာ ၂၅၅ ခု အပါဝင် စုစုပေါင်း ၁,၇၃၀ ခုကို ဒီနေ့ညနေ  စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၁၄၈ ဦး တွေ့ရှိရတာပါ။ 

ဒီကနေ့ည ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံ လူနာသစ် ၁၄၈ ဦးနဲ့ ပတ်သက်လို့တော့ ထုတ်ပြန်တာ မရှိသေးပါဘူး။ 

စက်တင်ဘာ ၁၇ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၄,၀၄၃ ဦး၊ သေဆုံးသူ ၆၀ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ  ၉၄၄ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၀၅ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013