DVB Logo
Home
မြန်မာသတင်း
၁၃ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် လူနာ ၆ ဦး ထပ်မံသေဆုံး၊ ကိုဗစ်လူနာသစ် ၇၃ ဦး တွေ့ရှိ
DVB
·
September 17, 2020
၁၃ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် လူနာ ၆ ဦး ထပ်မံသေဆုံး၊ ကိုဗစ်လူနာသစ် ၇၃ ဦး တွေ့ရှိ
Donate to DVB

ဓာတ်ခွဲနမူနာ ၂,၅၉၉ ခုအား ဒုတိယသုတ်အဖြစ် စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇၃ ဦး ထပ်မံတွေ့ရှိပြီး ဆေးကုသမှုခံယူနေတဲ့ လူနာတွေထဲက အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ၆ ဦး ထပ်မံသေဆုံးတာကြောင့် စုစုပေါင်း သေဆုံးသူ ၄၆ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ၁,၀၅၁ ခု၊ ဆေးသုတေသနဦးစီးဌာက ၉၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) က ၃၉၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) က ၁၃၂ ခု၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးက ၁၅  ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀ က ၄၁ ခု၊ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ က ၆၀၀ ခုနဲ့ အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ က ၂၇၅ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၂,၅၉၉ ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇၃ ဦးတွေ့ရှိခဲ့တာပါ။

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးမှာ ကုသနေတဲ့ ၈၄ နှစ်အရွယ် အဆုတ်တီဘီရောဂါဖြစ်ဖူးခြင်းနဲ့ သွေးတိုးရောဂါအခံရှိသူ အမျိုးသား (Case-3599) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးပြီး စက်တင်ဘာ ၁၄ ရက်နေ့  ည ၇:၂၆ နာရီအချိန်က သေဆုံးသွားပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ ၅၈ နှစ်အရွယ်အမျိုးသား (Case-3370) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းပြီး စက်တင်ဘာ ၁၄ ရက်နေ့ ည ၇:၃၀ နာရီ အချိန်မှာ သေဆုံးသွားပါတယ်။

အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ ၆၅ နှစ်အရွယ် အဆုတ်တီဘီရောဂါဖြစ်ဖူးခြင်းနဲ့ ဆီးချိုရောဂါအခံရှိသူ အမျိုးသား (Case-3540) ဟာ ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးပြီး စက်တင်ဘာ ၁၄ ရက်နေ့ ညနေ ၃ နာရီအချိန်မှာ သေဆုံးသွားပါတယ်။

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် ၉၀ အရွယ် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိပြီး လေဖြတ်ထားဖူးသူ အမျိုးသား (Case-2911) ဟာ ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးပြီး စက်တင်ဘာ ၁၃ ရက်နေ့ မနက် ၉:၂၀ နာရီအချိန်မှာ သေဆုံးသွားပါတယ်။

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ ၇၅ နှစ်အရွယ် နှလုံး၊ နာတာရှည်ကျောက်ကပ်နဲ့ ဆီးချို ရောဂါတို့ အခံရှိသူ အမျိုးသမီး (Case-3361) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးပြီး စက်တင်ဘာ ၁၄ ရက်နေ့  ညနေ ၆:၁၀ နာရီအချိန်မှာ သေဆုံးသွားပါတယ်။

တောင်ဥက္ကလာပအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့‌တဲ့ ၁၃ နှစ်အရွယ် အမျိုးသမီး (Case-2531) ဟာ ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ သွေးနဲ့ ဆိုင်တဲ့ ရောဂါအခံရှိခြင်းတို့ကြောင့် ဒီနေ့မနက် ၁:၄၅ နာရီအချိန်မှာ သေဆုံးသွားပါတယ်။

မနေ့ညက ဓာတ်ခွဲနမူနာ ၁,၉၅၆ ခု စစ်ဆေးရာမှာလည်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၈၅ ဦး ထပ်မံတွေ့ရှိပြီး လူနာ ၁ ဦး သေဆုံးခဲ့ပါတယ်။ ဒါကြောင့် စက်တင်ဘာ ၁၆ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၄,၅၅၅ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ အတည်ပြု လူနာသစ် ၂၅၈ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃,၈၉၄ ဦး၊ သေဆုံးသူ ၄၆ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့တဲ့ လူနာဟောင်း  ၉၀၈ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၈၀ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013