DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉  ရောဂါလူနာသစ် ၁၈၅ ဦးနှင့် သေဆုံးသူ ၁ ဦး ထပ်တိုး 
DVB
·
September 16, 2020
ကိုဗစ်-၁၉  ရောဂါလူနာသစ် ၁၈၅ ဦးနှင့် သေဆုံးသူ ၁ ဦး ထပ်တိုး 
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၈၅ ဦးနဲ့ သေဆုံးသူ ၁ ဦး ထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူပေါင်း  ၄၀ ဦး ရှိသွားပြီလို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ည ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုဗစ်-၁၉ ကုသရေးဌာန (ဒဂုံဆိပ်ကမ်း) မှာ တက်ရောက်ကုသမှုခံယူခဲ့‌တဲ့ အသက် (၇၃) နှစ်အရွယ် ကျောက်ကပ်ရောဂါအခံရှိသူ အမျိုးသမီး (Case-2645)ဟာ ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးပြီး စက်တင်ဘာ ၁၅ ရက် မနက် ၁၀ နာရီ ၁၅ မိနစ်မှာ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၁၀၁၇ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၂၈၂ ခု အပါအဝင် စုစုပေါင်း ၁,၉၅၆ ခု ကို ဒီနေ့ညနေ  စစ်ဆေးပြီးစီးခဲ့ရာ  လူနာသစ် ၁၈၅ ဦး တွေ့ရှိရတာပါ။

လူနာသစ်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ 

စက်တင်ဘာ ၁၆ ရက် ည ၈ နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃,၈၂၁ ဦး၊ သေဆုံးသူ ၄၀ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့တဲ့ လူနာဟောင်း  ၉၀၈ ဦး စောင့်ကြည့်လူနာအသစ် ၂၈၀ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013