DVB Logo
Home
မြန်မာသတင်း
မန္တလေး UAB ဘဏ်ဝန်ထမ်း ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ၊ ဘဏ်ခွဲကို ယာယီပိတ်
DVB
·
September 16, 2020
မန္တလေး UAB ဘဏ်ဝန်ထမ်း ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ၊ ဘဏ်ခွဲကို ယာယီပိတ်
Donate to DVB

မန္တလေးမြို့ရှိ UAB ဘဏ်ခွဲ ဝန်ထမ်းတဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိရတာကြောင့် အဆိုပါ ဘဏ်ခွဲကို ယာယီပိတ်ထားလိုက်တယ်လို့ ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီဝန်ထမ်းဟာ ကျောက်ဆစ်တန်းဘဏ်ခွဲမှာ  တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ သူ့မှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ ရုံးကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ နောက်ဆုံး တက်ရောက်ခဲ့တာဖြစ်ပြီး နောက်နေ့တွေမှာတော့ အိမ်က အလှည့်ကျ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အဆိုပါကျောက်ဆစ်တန်းဘဏ်ခွဲကို ပိတ်ထားလိုက်ရပြီး UAB အနေနဲ့ မန္တလေးမှာ ဘဏ်ခွဲ ၁၆ ခုရှိတာမို့ အဲဒီဘဏ်ခွဲတွေကနေ အများပြည်သူတွေကို ဝန်ဆောင်မှုပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။

UAB ဘဏ်ရဲ့ ဝက်ဘ်ဆိုက်မှာတော့ မန္တလေးက ဘဏ်ဝန်ထမ်း အပါအဝင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရတဲ့ ဝန်ထမ်းစုစုပေါင်း ၆ ဦးရှိနေပြီလို့ ရေးသားဖော်ပြထားပါတယ်။ သူတို့ထဲက ၅ ယောက်ကတော့ ရုံးချုပ်က ဝန်ထမ်းတွေဖြစ်ကြောင်းနဲ့  စက်တင်ဘာလ ၁၁ ရက်၊ ၁၃ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ အသီးသီး Quarantine ဝင်နေကြသူ တွေဖြစ်တယ်လို့ သိရပါတယ်။

PHTO-UAB

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013