DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၃၇ ဦးအနက်  ရန်ကုန်တိုင်းက ၂၆၈ ဦးပါဝင်
DVB
·
September 16, 2020
ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၃၇ ဦးအနက်  ရန်ကုန်တိုင်းက ၂၆၈ ဦးပါဝင်
Donate to DVB

ကိုဗစ်-၁၉ အတည်ပြုလူနာသစ်  ၃၃၇ ယောက်ထဲမှာ  ရန်ကုန်တိုင်းက ၂၆၈ ယောက် ပါဝင်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့  ဒီနေ့ ညနေ ၅ နာရီထုတ်ပြန်ချက်အရ သိရပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့အတွက် ဓာတ်ခွဲစစ်ဆေးမှုနမူနာပေါင်း ၄,၅၉၇ ခုကို   စစ်ဆေးရာက ထွက်ရှိလာတဲ့ စစ်ဆေးမှုအဖြေတွေဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း(တောင်ပိုင်း)နဲ့ တနင်္သာရီစတဲ့ တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ ရောဂါပိုးကူးစက်ခံရသူတွေ တွေ့ရှိတာ ဖြစ်ပါတယ်။

       ရန်ကုန်တိုင်းထဲမှာတော့ အင်းစိန်မြို့နယ်နဲ့ ဒလမြို့နယ်တွေက ကိုဗစ်-၁၉ ပိုးတွေ့ရှိသူစုစု ပေါင်း ၂၈ ယောက်နဲ့ ၂၇ ယောက်စီ အသီးသီးနဲ့  ရောဂါပိုးတွေ့ရှိသူအများဆုံးမြို့နယ်တွေအနေနဲ့ ပါ ဝင်ပါတယ်။

ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေအလိုက် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူအရေအတွက်တွေအနေနဲ့ မန္တလေးတိုင်းမှာ ၁၄ ယောက်၊ ဧရာဝတီတိုင်းမှာ ၂၁ ယောက်၊ ပဲခူးတိုင်းမှာ ၁၀ ယောက်၊ မွန်ပြည်နယ်မှာ ၈ ယောက်၊ နေပြည်တော်မှာ ၃ ယောက်၊ ရခိုင်ပြည်နယ်မှာ ၈ ယောက်၊ စစ်ကိုင်းတိုင်းမှာ ၁ ယောက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ၁ ယောက်နဲ့ တနင်္သာရီတိုင်းမှာ ၃ ယောက်တို့ အသီးသီးတွေ့ရှိခဲ့ရတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၁၆ ရက် မနက် ၈ နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း  ၃,၆၃၆ ဦး၊ သေဆုံးသူ ၃၉ ဦး၊  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၈၃၂ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၅၇ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013