DVB Logo
Home
မြန်မာသတင်း
ခေတ်သစ်ဖောင်ဒေးရှင်းက ကိုဗစ်စောင့်ကြည့်လူနာများထားရှိရန် သိန်း ၂၀၀ လှူဒါန်း
DVB
·
September 16, 2020
ခေတ်သစ်ဖောင်ဒေးရှင်းက ကိုဗစ်စောင့်ကြည့်လူနာများထားရှိရန် သိန်း ၂၀၀ လှူဒါန်း
1 / 6
Donate to DVB

သရုပ်ဆောင်မင်းသမီး ချစ်သုဝေတို့ ဇနီးမောင်နှံ တည်ထောင်ထားတဲ့ ခေတ်သစ် ဖောင်ဒေးရှင်းက ရန်ကုန်ဆေးရုံကြီး ကိုဗစ်-၁၉ စောင့်ကြည့်လူနာတွေ ထားရှိဖို့ Tent တလုံးစာ သိန်း ၂၀၀ ကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကနဦးအလှူအနေနဲ့ လှူဒါန်းခဲ့ပါတယ်။

ဒါဟာ ဖောင်ဒေးရှင်းအနေနဲ့ တကျော့ပြန်ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ အစိုးရဆေးရုံတွေရဲ့ ဝန်ကို တဖက်တလမ်းကနေ ကူညီထောက်ပံ့ပေးနိုင်မှု တစိတ်တပိုင်းအနေနဲ့ လှူ ဒါန်းမှု ဖြစ်တယ်လို့ ဆိုပါတယ်။

“COVID ဒုတိယလှိုင်းမှာ ခေတ်သစ်ဖောင်ဒေးရှင်းအနေနဲ့ အထိရောက်ဆုံးလှူနိုင်ဖို့ ​ ဆေးတက္ကသိုလ်(၁) ပါမောက္ခ ​​ ဒေါက်တာ ဇော်ဝေစိုး၊ ပါမောက္ခဒေါက်တာမြင့်မြင့်ငြိမ်း တို့နဲ့ တိုင်ပင်အကြံဉာဏ်ရယူခဲ့ပါတယ်။ များပြားလာတဲ့ Case တွေအတွက် အစိုးရဆေး ရုံတွေရဲ့ ဝန်ကို တဖက်တစ်လမ်းမှ ကူညီနိုင်ဖို့ ယာယီ Tent (4) လုံး (ရေ၊ မီး၊ aircon နဲ့တကွ light partition နဲ့ တလုံးလျှင် လူနာ 30 ဆံတဲ့ tent တွေပါ) လှူဒါန်းဖို့ ဆုံး ဖြတ်ခဲ့ကြပါတယ်။ ဖျားနာ၊ ချောင်းဆိုး၊ အနံပျောက် COVID-19 သံသယရှိစောင့်ကြည့် လူနာတွေ (PUI) ကို swab ယူရပါတယ်။ ဒီအချိန်တွင်းမှာ စောင့်ကြည့်လူနာတွေကို ထား ရမယ့် နေရာပါ”

လတ်တလောမှာတော့ ကိုဗစ်-၁၉ စောင့်ကြည့် လူနာတွေ ထားနိုင်တဲ့ ရန်ကုန်မြို့၊ ဆေးရုံ ၄ ရုံအတွက် Tent ၄ လုံး ငှားရမ်းခမှာ နှစ်လတာအတွက် ကျပ်သိန်း ၈၀၀ ကျသင့် မှာဖြစ်ပြီး အဲဒီကျသင့်ငွေကို ခေတ်သစ်ဖောင်ဒေးရှင်းက စေတနာရှင်တွေနဲ့ ပူးပေါင်း လှူ ဒါန်းမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အဲဒီအတွက် ထပ်မံပြီး လိုအပ်နေတဲ့ Tent တွေကို ဆက်လက်ဆောက်လုပ် လှူဒါန်းသွားမှာ ဖြစ်တဲ့အတွက် လှူဒါန်းလိုသူတွေအနေနဲ့ ဖောင်ဒေးရှင်းသို့ နည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားခဲ့တာ ဖြစ်ပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်းကိုတော့ ချစ်သုဝေနဲ့ လင်းလင်းတို့ရဲ့ အမြွှာရင်သွေး ၂ ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ရဲ့ နှစ်နှစ်ပြည့် မွေးနေ့အမှတ်တရအ နေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး မိသားစုမတည် အလှူငွေကျပ်သိန်း ၂၀၀ နဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

ဖောင်ဒေးရှင်းက အလှူငွေတွေနဲ့ အသက် ၅ နှစ်အောက် အမှန်တကယ် ခွဲစိတ်စရိတ် လိုအပ်နေတဲ့ မွေးရာပါနှလုံးအပေါက်ပါ ရောဂါရှင်ကလေးငယ်တွေအတွက် ရည်ရွယ်လှူဒါန်းမှုတွေ ပြုလုပ်နေတာဖြစ်ကာ နောက်ပိုင်းမှာတော့ တခြားလိုအပ်တဲ့ ကျန်းမာ ရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ ထောက်ပံ့လှူဒါန်းမှုတွေကိုလည်း လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ရောဂါအတွက် တဖက်တလမ်းကနေ ထောက်ပံ့လှူဒါန်းမှုတွေကို အခါအားလျော်စွာ ပြုလုပ်လာနေခဲ့တာပါ။

Photo : ခေတ်သစ်ဖောင်ဒေးရှင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013