DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁၃၄ ဦးထပ်တွေ့၊  သေဆုံးသူ ၄ ဦးထပ်တိုးလာ
DVB
·
September 16, 2020
ကိုဗစ်-၁၉ လူနာသစ် ၁၃၄ ဦးထပ်တွေ့၊  သေဆုံးသူ ၄ ဦးထပ်တိုးလာ
Donate to DVB

ကိုဗစ်-၁၉ လူနာသစ် ၁၃၄ ဦး၊ သေဆုံးသူ ၄ ဦးထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၃,၆၃၆ ဦးနဲ့ သေဆုံးသူ ၃၉ ဦးအထိရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဒီနေ့ စက်တင်ဘာ ၁၆ ရက်မနက် ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ ၁,၀၉၄ ခု၊  အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၅၃၈ ခုအပါအဝင်  စုစုပေါင်း ဓာတ်ခွဲနမူနာ ၂,၄၂၄ ခုတို့ကို ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ  လူနာသစ် ၁၃၄ ဦးတွေ့ရှိရတာပါ။

လူနာသစ်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုတော့ ကျန်းမာရေးဌာနက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဝေဘာဂီအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့‌တဲ့ အသက် (၈၈)နှစ် အရွယ် သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသမီး (Case-2347) ဟာ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးပြီး စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၂၈ မိနစ်က  သေဆုံးသွားခဲ့ပါတယ်။ 

အလားတူ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) မှာ တက်ရောက်ကုသမှုခံယူခဲ့‌တဲ့ အသက် (၈၉) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသမီး (Case-1589) ဟာလည်း  ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းပြီး စက်တင်ဘာ ၁၅ ရက် မနက် ၁၀နာရီ ၂၅ မိနစ်က  သေဆုံးသွားခဲ့ပါတယ်။ 

ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့‌တဲ့ အသက် (၅၁) နှစ်အရွယ် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသား (Case-3122) ဟာလည်း ပြင်းထန် အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးပြီး စက်တင်ဘာ ၁၄ ရက် နေ့လည် ၃ နာရီခွဲက  သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် သန်လျင်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့‌တဲ့ အသက် (၆၈) နှစ် အရွယ် ပန်းနာရင်ကြပ်ရောဂါ၊ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသား (Case-3258) ဟာလည်း ပြင်းထန် အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးပြီး စက်တင်ဘာ ၁၄  ရက် ညနေ ၄ နာရီ ၅ မိနစ်မှာ  သေဆုံးသွားခဲ့တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ 

ကျန်းမာရေးဌာနရဲ့ မနေ့ည ထုတ်ပြန်ချက်မှာတော့  ကိုဗစ်-၁၉ လူနာသစ် ၂၀၃ ဦးနဲ့  သေဆုံးသူ ၃ ဦးထပ်တိုးလာတယ်လို့ ဖော်ပြထားတာပါ။  ဒါကြောင့် မနေ့ညနဲ့ ဒီမနက် ထုတ်ပြန်ချက်တွေအရ  ဓာတ်ခွဲနမူနာ  စုစုပေါင်း   ၄,၅၉၇ ခုကို စစ်ဆေးပြီးစီးခဲ့ရမှာ  ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၃၇ ဦးထပ်တွေ့ရှိခဲ့ပြီး သေဆုံးသူ ၇ ဦးထပ်တိုးလာတာဖြစ်ပါတယ်။ 

စက်တင်ဘာ ၁၆ ရက် မနက် ၈ နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း  ၃,၆၃၆ ဦး၊ သေဆုံးသူ ၃၉ ဦး၊  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၈၃၂ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၅၇ ဦးရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013