DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၂၀၃ ဦးထပ်တွေ့၊  သေဆုံးသူ ၃ ဦးထပ်တိုးလာ 
DVB
·
September 15, 2020
ကိုဗစ်-၁၉ လူနာသစ် ၂၀၃ ဦးထပ်တွေ့၊  သေဆုံးသူ ၃ ဦးထပ်တိုးလာ 
Donate to DVB

ကိုဗစ်-၁၉ လူနာသစ် ၂၀၃ ဦး၊ သေဆုံးသူ ၃ ဦးထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၃,၅၀၂ ဦးနဲ့ သေဆုံးသူ ၃၅ ဦးအထိရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဒီနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) မှာ တက်ရောက်ကုသမှုခံယူခဲ့‌တဲ့ အသက် (၆၁) နှစ်အရွယ် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသား (Case-2354)ဟာ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးတာကြောင့် စက်တင်ဘာ ၁၄  ရက် ည ၁၀ နာရီမှာ သေဆုံးသွားခဲ့ပါတယ်။ 

အလားတူ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး)မှာ တက်ရောက်ကုသမှုခံယူခဲ့တဲ့ အသက် (၅၉) နှစ်အရွယ် ပန်းနာရင်ကြပ်ရောဂါ အခံရှိသူ အမျိုးသား (Case-2876) ဟာလည်း  ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးပြီး စက်တင်ဘာ ၁၄ ရက် ည ၉ နာရီ ၄၅ မိနစ်မှာ သေဆုံးသွားခဲ့ပါတယ်။ 

အလားတူ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့‌တဲ့ အသက် (၆၄) နှစ်အရွယ် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသား (Case-3186)  ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီး သွေးဆိပ်တက်ပြီး စက်တင်ဘာ ၁၃ ရက် မနက် ၅ နာရီ ၂၀ မိနစ်မှာ  သေဆုံးသွားခဲ့ပါတယ်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၈၃၃ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ (ပထမအသုတ်) ၂၉၁ ခုအပါအဝင် ဓာတ်ခွဲ နမူနာ စုစုပေါင်း  ၂,၁၇၃  ခုကို ဒီနေ့ညနေ စစ်ဆေးပြီးစီးခဲ့ရာ  လူနာသစ် ၂၀၃ ဦး တွေ့ရှိရတာပါ။

စက်တင်ဘာ ၁၅ ရက် ည ၈ နာရီအထိ   မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၃,၅၀၂ ဦး၊ သေဆုံးသူ ၃၅ ဦး၊  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၈၃၂ ဦး စောင့်ကြည့်လူနာအသစ် ၂၅၇ ဦးရှိတယ်လို့  ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013