DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်း ၁ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် Makro Myanmar ယာယီပိတ်ထား
DVB
·
September 14, 2020
ဝန်ထမ်း ၁ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် Makro Myanmar ယာယီပိတ်ထား
Donate to DVB

ရန်ကုန်မြို့ စက်ဆန်းမှာ ဖွင့်လှစ်ထားတဲ့  Makro Myanmar ကုန်တိုက်ရဲ့ အရောင်းဝန်ထမ်းတယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရတဲ့အတွက်  ကုန်တိုက်ကို ယာယီပိတ် ထားလိုက်ရတယ်လို့ သိရပါတယ်။

ငွေရှင်းကောင်တာက ဝန်ထမ်းတယောက်မှာ ရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၃ ရက်က ထုတ်ပြန်တဲ့ ရောဂါဓာတ်ခွဲ စစ်ဆေးမှုအဖြေအရအတည်ပြုနိုင်ခဲ့တာလို့ Marko Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အဆိုပါဝန်ထမ်းဟာ သက်ဆိုင်ရာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး Makro Myanmar အနေနဲ့ သူ့ရဲ့ မိသားစုဝင်တွေကိုလည်း အတတ်နိုင်ဆုံး ပံ့ပိုးပေးနေတယ်လို့ ဆိုပါတယ်။

ပိုးတွေ့ဝန်ထမ်းနဲ့ အနီးကပ်လုပ်ကိုင်ခဲ့ကြတဲ့ ဆိုင်ဝန်ထမ်းတွေရဲ့ အသေးစိတ်အချက်အလက် တွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနဆီ အကြောင်းကြားခဲ့ပြီးဖြစ်ကာ လိုအပ်တဲ့ နေအိမ်နဲ့ Facility Quarantine Center တွေမှာ အသွားအလာ ကန့်သတ်ထားရှိသွားမှာဖြစ်တယ်လို့ ဆိုပါ တယ်။

လက်ရှိမှာတော့ ကုန်တိုက်ကို ယာယီပိတ်ထားလိုက်ပြီး ဈေးဝယ်သူတွေနဲ့ တခြားဝန်ထမ်းတွေ ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆိုင်ဧရိယာတခုလုံးနဲ့ စက်ပစ္စည်း ကိရိယာတွေအားလုံးကို ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်နဲ့အညီ ပိုးသတ်ဆေး ဖျန်းတာတွေ၊ အသေးစိတ် သန့်ရှင်းဆေးကြောနေတယ်လို့ ဆိုပါတယ်။

ကုန်တိုက်ကို ဘယ်နေ့ပြန်ပြီးတော့ ဖွင့်လှစ်နိုင်မယ်ဆိုတာကိုတော့ မသိနိုင်သေးပဲ ပြန် ဖွင့်လှစ်မယ့်ရက်နဲ့ လိုအပ်တဲ့ သတင်းထုတ်ပြန်မယ်လို့ သိရပါတယ်။

Makro Myanmar ကုန်တိုက်ကိုတော့ အခုနှစ်ဆန်းပိုင်းတုန်းက ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး မိသားစုတွေအတွက် အိမ်အသုံးအဆောင်ပစ္စည်းပေါင်းများစွာကို တ နေရာတည်းမှာ စုံစုံလင်လင်ရရှိနိုင်တဲ့အတွက် ရန်ကုန်မြို့နေလူထုကြား ရေပန်းစားတဲ့ ကုန်တိုက်တခု ဖြစ်ပါတယ်။

       ကိုဗစ်-၁၉ တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ စက်တင်ဘာ ၁၄ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃,၁၉၅ ဦး၊ သေဆုံးသူ ၃၂ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၇၉၀ ဦး နဲ့ စောင့်ကြည့်လူနာအသစ် ၂၁၀ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013