DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာ ၆ ဦး ထပ်မံသေဆုံး၊ မြန်မာနိုင်ငံ၌ သေဆုံးသူပေါင်း ၃၂ ဦး အထိရှိလာ
DVB
·
September 14, 2020
ကိုဗစ်-၁၉ လူနာ ၆ ဦး ထပ်မံသေဆုံး၊ မြန်မာနိုင်ငံ၌ သေဆုံးသူပေါင်း ၃၂ ဦး အထိရှိလာ
Donate to DVB

ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၆ ဦး၊ အတည်ပြုလူနာသစ် ၁၈၀ ဦး ထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ သေဆုံးသူပေါင်း ၃၂ ဦးနဲ့ အတည်ပြုလူနာပေါင်း ၃၁၉၅  ဦးရှိသွားပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၁,၀၁၁ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ (ပထမအသုတ်) ၂၈၄ ခု ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၅၁၂ ခုအပါအဝင် ဓာတ်ခွဲနမူနာပေါင်း   ၂,၂၁၄ ခုကို ဒီနေ့ ညနေ  စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၁၈၀ ဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူကတော့ မြောက်ဥက္ကလာပဆေးရုံကြီးမှာ တက်ရောက် ကုသမှုခံယူခဲ့‌တဲ့ အသက် (၅၉) နှစ်အရွယ် ဆီးချို၊ သွေးတိုးနဲ့ ကျောက်ကပ် ရောဂါအခံရှိသူ အမျိုးသမီး (Case-2848)  ဖြစ်ပါတယ်။ သူဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးပြီး စက်တင်ဘာ ၁၁ ရက် ညနေ  ၆ နာရီ ၂၀ မိနစ် မှာ သေဆုံး သွားခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့တဲ့ အသက် (၆၆) နှစ် အရွယ် ပန်းနာရင်ကြပ်ရောဂါ၊ သွေးတိုးရောဂါနဲ့ အသည်းရောင်အသားဝါ (စီ) ရောဂါပိုး အခံရှိသူ အမျိုးသား (Case-2827)ဟာလည်း  ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးပြီး စက်တင်ဘာ ၁၂ ရက်  နေ့လယ် (၁၂:၅၀) နာရီအချိန်က သေဆုံးသွားခဲ့ပါတယ်။

အလားတူ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့‌တဲ့ အသက် (၈၄) နှစ် အရွယ် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီး (Case-2828) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးပြီး စက်တင်ဘာ ၁၂ ရက်  နေ့လယ် ၂ နာရီမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) မှာ တက်ရောက်နေတဲ့ အသက် (၆၇) နှစ်အရွယ် သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါအခံရှိသူ အမျိုးသား (Case-2308) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးပြီး စက်တင်ဘာ ၁၄ ရက် မနက် ၁၁ နာရီ က သေဆုံးသွားခဲ့ပါတယ်။

တောင်ဥက္ကလာပအထူးကုဆေးရုံကြီးမှာ တက်ရောက်နေတဲ့ အသက် (၅၀) နှစ်အရွယ် ဆီးချို၊ နှလုံးနှင့် သွေးတိုး ရောဂါအခံရှိသူ အမျိုးသမီး (Case-1351) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးပြီး စက်တင်ဘာ ၁၄ ရက် မနက် ၁၀ နာရီ ၈ မိနစ်မှာ သေဆုံးသွားခဲ့ပါတယ်။

မြောက်ဥက္ကလာပဆေးရုံကြီးမှာ တက်ရောက် ကုသမှုခံယူနေတဲ့ အသက် (၈၀) နှစ်အရွယ် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသား (Case-2847)ကတော့ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးကာ စက်တင်ဘာ ၁၄ ရက် နေ့လယ် ၁၂ နာရီခွဲက သေဆုံးသွားခဲ့တာပါ။

ဒီကနေ့မနက် ၈ နာရီ ထုတ်ပြန်ချက်အရလည်း ကိုဗစ်-၁၉ လူနာ  သေဆုံးသူ ၄ ဦးရှိခဲ့တယ်လို့ သိရသလို ဒီကနေ့ မွန်းလွဲ ၃ နာရီခွဲအချိန် ထုတ်ပြန်ချက်အရလည်း  မြောက်ဥက္ကလာပဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၇၀) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသား ၁ ဦးနဲ့ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့  အသက် (၇၂) နှစ် အရွယ် ဆီးချိုရောဂါ၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းရောဂါအခံရှိ အမျိုးသား ၁ ဦးတို့ သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၄ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃,၁၉၅ ဦး၊ သေဆုံးသူ ၃၂ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၇၉၀ ဦး နဲ့ စောင့်ကြည့်လူနာအသစ် ၂၁၀ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013