DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဝက်အမြောက်အမြား သေဆုံး
DVB
·
September 14, 2020
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဝက်အမြောက်အမြား သေဆုံး
1 / 4
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ ကွတ်ခိုင်၊ နမ့်အွမ်၊ နမ့်တောင်းနဲ့ မုံးပေါ်ဒေသရှိ ကျေးရွာအုပ်စု ၆ အုပ်စုတို့မှာ ဝက်အကောင်ရေ မြောက်မြားစွာ သေဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်ဖန်ရွာနေ ကိုလဆန်က “အကုန်သေကုန်ပြီ။ ဝက်တွေ ရောဂါဖြစ်နေတာ ၂ လ၊ ၃ လ ရှိပြီ။ ရွာမှာတောင် ဝက်မရှိတော့ဘူး။ အုပ်ချုပ်ရေးမှူးတော့ အစိုးရဌာနကို သွားပြောတယ်။ တစ်ခေါက် တော့လာကြည့်တယ်။ သူတို့လည်း ဘာဖြစ်မှန်းမသိဘူးလို့ ပြောတယ်” လို့ ဆိုပါတယ်။

တချို့က ဝက်သေကို မမြှုပ်ဘဲနဲ့ စည်းကမ်းမရှိ ပစ်ထားတာကြောင့် ရောဂါကူးစက်မှု ပိုပြန့်ပွားစေတာလို့ ဆိုပါတယ်။

မိုင်ဖန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခွန်အောင်က “အာဖရိကန် ဝက်အပြင်းဖျားရောဂါနဲ့ သဘောတရားတူတယ်။ သေသွားတဲ့ ဝက်က ထောင်ဂဏန်းတောင် မကတော့ဘူး၊ သောင်းဂဏန်း ရှိတယ်။ လားရှိုး၊ ကွတ်ခိုင်၊ နမ့်အွမ်၊ နမ့်တောင်း နဲ့ မုံးပေါ်ဒေသ အကုန်ပဲ။ နောက်ပိုင်းဆို ဝက်မျိုးတောင်ရှိတော့မှာ မဟုတ်ဘူး။ ရောဂါက လုံခြုံရေး တင်းတင်းကျပ်ကျပ် လုပ်နိုင်မှရတာ။ လူထုရဲ့ ပူးပေါင်းပါဝင်မှုရှိမှ အဆင်ပြေတာလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လားရှိုးမြို့က ဝက်မွေးသူ အမျိုးသမီးက “တိမွေးကု ဆရာဝန်ကိုပဲ ခေါ်ပြီး ဆေးထိုးတယ်။ တခါထိုးရင် ဆေး ၄ ချောင်းကို ၄၅၀၀ ပေးရတယ်။ ဒီဘက်မှာ ရောဂါ ဖြစ်နေတာ ကြာပြီ။ ဆရာဝန်တော့ ကိုယ်ပိုင်ဆေးခန်းဖွင့်တယ်ထင်တယ်။ အစိုးရဌာနကတော့ မဟုတ်ဘူး။ ဝက်က ဒီမနက် ဖျားတာ ၅ ရက်မြောက်မှာသေသွားတယ်။” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ အောက်ပိုင်း ကယားပြည်နယ်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လက အာဖရိကန် ဝက်အပြင်းဖျားရောဂါကြောင့် ဝက်အများအပြား သေဆုံးသွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလ လောက်ကတည်းက ကချင်ပြည်နယ် လိုင်ဇာမြို့ဘက်မှာ အာဖရိကန် ဝက်အပြင်းဖျားရောဂါ စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

သတင်း- ပရာဂျော် (Pra Jaw)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013