DVB Logo
Home
မြန်မာသတင်း
ရှမ်းမြောက်နှင့် ကရင်နီက ထွက်ပြေးလာသည့် စစ်ကောင်စီဝန်ထမ်း ၃၀,၀၀၀ ခန့် အကူအညီမရ
DVB
·
March 10, 2024
ရှမ်းမြောက်နှင့် ကရင်နီက ထွက်ပြေးလာသည့် စစ်ကောင်စီဝန်ထမ်း ၃၀,၀၀၀ ခန့် အကူအညီမရ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကရင်နီ (ကယား) ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်​ပြေးလာတဲ့ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းဦးရေ ၃၀,၀၀၀ နီးပါး စစ်တပ်ရဲ့ အကူအညီမရတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ဝန်ထမ်းအသိုက်အဝန်းက သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးကြောင့် ထွက်ပြေးလာရတဲ့ ဝန်ထမ်းဦးရေ ၂၇၂၆၁ ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ကလော​၊ ရွှေညောင်နဲ့ ညောင်ရွှေမြို့နယ်တို့မှာ နေထိုင်ကြကာ စစ်တပ်ရဲ့အကူအညီ မရကြဘူးလို့ ထွေအုပ်ဝန်ထမ်းတဦးက ပြောပါတယ်။

“စစ်တပ်က ကူညီတယ်ဆိုတာ သူများတွေလှူတဲ့ ဘေထုပ်အနွေးထည်တွေ လာပေးတယ်။ တပ်က ထုတ်တဲ့ ရွှေဖီဦး လက်ဖက်ရည်ထုပ်တွေ ပေးတယ် ဒီလောက်ပဲ။ အခုဝန်ထမ်းတွေက အလုပ်မရှိတော့ဘူး ဖြစ်နေတယ်။” 

စစ်ကောင်စီတပ်က ဌာနဆိုင်ရာဝန်ထမ်းများနည်းတူ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်မှ အရာရှိ၊ စစ်သည်တွေကို လားရှိုးစစ်ဌာနချုပ်၊ ကလောတပ်နယ်တို့မှာ ထားပြီး အတူနေမိသားစုဝင်တွေကိုလည်း ကူညီပေးတယ်လို့ ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။

“အချို့ဝန်ထမ်းတွေဆို မိသားစုဆီ ပြန်ကုန်ပြီ။ တာဝန်ကျတဲ့ မြို့နယ်တွေမှာ အခြေချတဲ့သူတွေက ပိုဒုက္ခရောက်တာ။ ပြန်စရာအိမ်လည်း မရှိ၊ အလုပ်က ဘာမှန်းမသိတဲ့အပြင် ထွက်ပြေးနေရတဲ့ဘဝ ရောက်နေတယ်။ တပ်ကတော့ တပ်ကလူတွေပဲ ကူညီမှာ၊ ဝန်ကြီးဌာနတွေက မကူညီတာ။”

ရဲစခန်း၊ ထွေအုပ်၊ လဝက၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ဌာနဆိုင်ရာဝန်ထမ်းဦးရေ ၁၃၀၉၅ ဦးရှိပြီး အတူနေမိသားစုဝင် ၁၄၆၁၅ ဦး ရှိတယ်လို့ တောင်ကြီးခရိုင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အခု သူတို့ကို ပအိုဝ်းတွေနဲ့ လူမှုကူညီရေးအသင်းတွေက ကူညီပေးနေတယ်။ ဘယ်အချိန်ထိ ကူညီပေးရမလဲ၊ သူတို့နေရပ် ဘယ်တော့ပြန်ရမလဲဆိုတာ မသိသေးဘူး။” 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ ပူးပေါင်းကာ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၁၀ မြို့နယ်နဲ့ စစ်စခန်း ရာနဲ့ချီသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်အဆင့်မှ တပ်သားအထိ သေဆုံးကာ ဌာနဆိုင်ရာဝန်ထမ်းအချို့ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013