DVB Logo
Home
Lead Story
ရက်ပ်ရော မယ်လိုဒီပါတကိုယ်တော်သီဆိုပြီး The Voice Myanmar ဒိုင်လေးဦးစလုံးကို ဖမ်းစားနိုင်ခဲ့သူ (ရုပ်သံ)
DVB
·
September 14, 2020
ရက်ပ်ရော မယ်လိုဒီပါတကိုယ်တော်သီဆိုပြီး The Voice Myanmar ဒိုင်လေးဦးစလုံးကို ဖမ်းစားနိုင်ခဲ့သူ (ရုပ်သံ)
Donate to DVB

       “ပြန်မဆုံနိုင်တော့ပြီဆိုတဲ့ အသိဆိုးတွေ… ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေ… သည်းနေတုန်း… လွယ်လွယ်နဲ့ မေ့ဖို့မလွယ်လို့… မမေ့ခဲ့ အခုအချိန်မျိုး… ငိုချလိုက်… တိမ်တွေလို ကြွေပြီ မျက်ရည်မိုး”

       ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက တချိန်က လူငယ်ပရိသတ်တွေကြားမှာ ရေ ပန်းစားခဲ့တဲ့ “တစ်ခါတုန်းက”သီချင်းထဲက တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

       ဒီသီချင်းကိုတော့ အဆိုတော် ရသနဲ့ Jenny တို့က အပေးအယူမျှမျှ အတွဲညီညီ သီဆိုထားခဲ့ကြတာဖြစ်ပြီး လှပတဲ့ ရက်ပ်နဲ့ မယ်လိုဒီပေါင်းစပ်မှုဟာလည်း ဆန်းသစ်တဲ့ ဟန်နဲ့ နာမည်ကြီးတဲ့ သီချင်းတပုဒ် ဖြစ်ခဲ့တာပါ။

       ခုတခါမှာတော့ ဒီသီချင်းကို ရက်ပ်ရော မယ်လိုဒီပါ တယောက်တည်း အစွမ်းပြသီဆိုရင်း The Voice Myanmar ပြိုင်ပွဲရဲ့ စင်မြင့်ထက်မှာ ယှဉ်ပြိုင်လာခဲ့သူတယောက် ထွက်ပေါ်လာခဲ့ပါတယ်။

       သူကတော့ ရန်ကုန်မြို့က အသက် ၂၆ နှစ်အရွယ် စတူဒီယိုအင်ဂျင်နီယာတ ယောက်လည်းဖြစ်တဲ့ ပြိုင်ပွဲဝင် တိုးကြီးဖြစ်ပြီး မနေ့ညက စတုတ္ထမြောက် သီတင်းပတ်အနေနဲ့ ကျင်းပတဲ့ The Voice Myanmar Season 3 ရဲ့ Blind Audition အဆင့်မှာ ဒီသီချင်းနဲ့ ဒိုင်တွေအားလုံးကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။

    ဩဂုတ် ၂၃ ရက်နေ့က ပြန်လည်စတင်ခဲ့တဲ့ The Voice Myanmar Season 3 မှာ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာပါ။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။

   အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်သွားကြမှာ ဖြစ်ပါတယ်။

       လတ်တလော Blind Audition အဆင့်မှာ တိုးကြီးရဲ့ “တစ်ခါတုန်းက”သီချင်းနဲ့ ယှဉ်ပြိုင်မှုမှာတော့ သီချင်းစစချင်းမှာ မယ်လိုဒီအဝင်သီဆိုဟန်နဲ့ သီဆိုခဲ့ပြီးမှ ရက်ပ်တွေနဲ့ တဆင့်ချင်း သီဆိုအစွမ်းပြခဲ့ချိန်မှာတော့ Coach ၄ ယောက်စလုံးက လှည့်ကြည့်ခဲ့ကြတာမို့ ထူးခြားတဲ့ တင်ဆက်မှုတခုလို ဖြစ်ခဲ့ရတာပါ။

       အဲဒီနောက် ပြိုင်ပွဲစည်းမျဉ်းအရ လှည့်ကြည့်တဲ့ Coach တွေထဲက ကိုယ်လက်တွဲလိုတဲ့ Coach ကို ရွေးချယ်ချိန်မှာတော့ တိုးကြီးက ကျားပေါက်ကို ရွေးချယ်ခဲ့တာမို့ Team ကျားပေါက်အဖွဲ့ထဲကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ မနှစ်ကတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။

မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။

ခုတပတ် Season 3 ရဲ့ Blind Audition အဆင့်မှာတော့ ပြိုင်ပွဲဝင်တွေထဲက N Oo L၊ အောင် ကောင်းခန့်၊ ဂျပန်ကြီး၊ မိုးသား၊ Salai T Lian၊ တိုးကြီး၊ စိန်ဂျွန်း၊ နော်ဂျာလေးတို့ ပြိုင်ပွဲဝင် ၈ ယောက်က သက်ဆိုင်ရာ Team တွေအလိုက် နောက်တ ဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောမှာတော့ Blind Audition အဆင့်ရဲ့ ပထမသီတင်းပတ်မှာ ပြိုင်ပွဲဝင် ၈ ယောက်၊ ဒုတိယသီတင်းပတ်မှာ ၉ ယောက်၊ တတိယသီတင်းပတ်မှာ ၇ ယောက်တို့က ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်တာမို့ စုစုပေါင်း ၃၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အခုနှစ် Season 3 မှာရော နိုင်ငံအနှံ့အပြားက ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်‌တွေ ထွက်ပေါ်လာဦးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013