DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၈၃ ဦး တွေ့ရှိ၊ လူနာ ၄ ဦး ထပ်မံသေဆုံး
DVB
·
September 14, 2020
ကိုဗစ်-၁၉ လူနာသစ် ၈၃ ဦး တွေ့ရှိ၊ လူနာ ၄ ဦး ထပ်မံသေဆုံး
Donate to DVB

ဓာတ်ခွဲနမူနာ ၂,၂၄၄ ခုအား စစ်ဆေးချက်အရ လူနာသစ် ၈၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၄ ဦး သေဆုံးခဲ့တာကြောင့် သေဆုံးသူ စုစုပေါင်း ၂၄ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) က ၁,၄၄၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) က ၂၈၇ ခု၊  ပုသိမ်မြို့  ပြည်သူ့ဆေးရုံကြီးက ၁၅ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင် ၁၀၀၀ က ၂၈ ခုနဲ့ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ကုတင်-၁၀၀၀ က ၄၇၃ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၂,၂၄၄ ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ပြီး ကိုဗစ်-၁၀ အတည်ပြုလူနာသစ် ၈၃ ဦးတွေ့ရှိခဲ့တာပါ။

စစ်တွေဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ၇၅ နှစ်အရွယ် သွေးတိုး ရောဂါအခံရှိပြီး လေဖြတ်ရောဂါ ၈ နှစ်ကြာခံစားနေရသူ အမျိုးသား (Case-2463) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်တာ၊ ရုတ်တရက်ဦးနှောက်သွေးကြောပိတ်ပြီး ထပ်မံ လေဖြတ်တဲ့ရောဂါကြောင့် မနေ့ညနေ ၆ နာရီက သေဆုံးသွားပါတယ်။

ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ၆၉ နှစ်အရွယ် ပန်းနာရင်ကြပ်ရောဂါ၊ ဆီးချို၊ သွေးတိုး နဲ့ နှလုံးရောဂါအခံရှိသူ အမျိုးသမီး (Case-2324) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးတာကြောင့် ၁၁ ရက်နေ့ မနက် ၆ နာရီက သေဆုံးသွားခဲ့ပါတယ်။

ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) မှာ တက်ရောက်ကုသနေတဲ့ ၅၁ နှစ်အရွယ် အသည်းရောင်အသားဝါ (စီ) ပိုး  ရောဂါအခံရှိသူ အမျိုးသား (Case-1997) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးတာ၊ အသည်းခြောက်ရောဂါကြောင့် သွေးအန်ပြီး အသည်းနဲ့ကျောက်ကပ်ပျက်စီးတာကြောင့် မနေ့မနက် ၁၁:၃၄ နာရီအချိန်က သေဆုံးသွားခဲ့ပါတယ်။

အလားတူ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) မှာ တက်ရောက်ကုသနေတဲ့ ၇၆ နှစ်အရွယ် ဆီးချို၊ သွေးတိုး ရောဂါအခံရှိသူ အမျိုးသမီး (Case-2126) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးတာ၊ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရုတ်တရက် လေဖြတ်ခြင်းရောဂါတဲ့ စက်တင်ဘာ ၁၁ ရက်နေ့  မနက် ၆:၀၅ နာရီအချိန်က သေဆုံးသွားခဲ့ပါတယ်။

မနေ့ညက ဓာတ်ခွဲနမူနာ ၁,၃၉၁ ခု အား စစ်ဆေးရာမှာ လူနာသစ် ၁၃၆ ဦး တွေ့ရှိခဲ့ပြီး လူနာ ၂ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ  ကိုဗစ်-၁၉ အတည်ပြလူနာ ၃,၀၁၅ ဦး၊ သေဆုံးသူ ၂၄ ဦးနဲ့ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၆၉၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၇၀ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013