DVB Logo
Home
မြန်မာသတင်း
လူနာ ၂ ဦး ထပ်မံသေဆုံး၊ ကိုဗစ်-၁၉ လူနာသစ် ၁၃၆ ဦး တွေ့ရှိ
DVB
·
September 13, 2020
လူနာ ၂ ဦး ထပ်မံသေဆုံး၊ ကိုဗစ်-၁၉ လူနာသစ် ၁၃၆ ဦး တွေ့ရှိ
Donate to DVB

ဓာတ်ခွဲနမူနာ ၁,၃၉၁ ခု အား စစ်ဆေးချက်အရ ကိုဗစ်-၁၉လူနာသစ် ၁၃၆ ဦး တွေ့ရှိခဲ့ပြီး လူနာ ၂ ဦး ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ စုစုပေါင်း အယောက် ၂၀ ရှိသွားပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ၅၅၆ ခု၊ ဆေးသုတေသနဦးစီးဌာနက ၃၀၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၃၇၂ ခု၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးက ၄၇ ခု၊ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးက ၂၁ ခု၊ မူဆယ်မြို့ပြည်သူ့ဆေးရုံကြီးက ၂၂ ခု၊ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးက ၅ ခု၊ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးက ၁ ခု၊ ဗန်းမော်မြို့ ပြည်သူ့ဆေးရုံကြီးက ၁ ခု၊ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးက ၄ ခု၊ မြစ်ကြီးနားမြို့  ပြည်သူ့ဆေးရုံကြီးက ၃ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀ က ၁၁ ခုနဲ့ အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ က ၃၉ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၃၉၁ ခုအား ဒီနေ့ည ပထမသုတ်အဖြစ် စစ်ဆေးပြီးစီးခဲ့ပြီး အတည်ပြုလူနာသစ် ၁၃၆  ဦး တွေ့ရှိခဲ့တာပါ။

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အသက် ၇၄ နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီး လူနာအမှတ် ၂၄၂၉ ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးပြီး သွေးဆိပ်သင့်ခြင်းရောဂါနဲ့ ဒီနေ့ ညနေ ၃:၁၅ မှာ သေဆုံးသွားခဲ့ပါတယ်။

ဝေဘာဂီအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အသက် ၉၀ အရွယ် နှလုံးရောဂါအခံရှိသူ အမျိုးသမီး လူနာအမှတ် ၂၀၆၄ ဟာလည်း ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် နှလုံးစည်းချက်မမှန်ဖြစ်ကာ ရုတ်တရက်နှလုံးရပ်ပြီး မွန်းလွဲ ၂:၂၅ နာရီအချိန်က သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနို်ငငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂,၉၃၂ ဦး၊ သေဆုံးသူ အယောက် ၂၀၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၆၉၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၇၀ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013