DVB Logo
Home
မြန်မာသတင်း
မွန်ညီညွတ်ရေးပါတီ ရွေးကောက်ပွဲကြေညာစာတမ်း ထုတ်ပြန်၊ ကတိကဝတ် ၁၀ ခု ပေးထား
DVB
·
September 13, 2020
မွန်ညီညွတ်ရေးပါတီ ရွေးကောက်ပွဲကြေညာစာတမ်း ထုတ်ပြန်၊ ကတိကဝတ် ၁၀ ခု ပေးထား
Donate to DVB

မွန်ပါတီနှစ်ခု ပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းကို စက်တင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်ပြီး ကတိကဝတ် ၁၀ ခု ပေးထားပါတယ်။

အခန်းကဏ္ဍ ၁၂ ခု ပါဝင်တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေမှာ ဖက်ဒရယ် အခြေခံမူနဲ့ မကိုက်ညီတဲ့ အချက်တွေကို ပြင်ဆင်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် ပါတီအနေနဲ့ တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့နဲ့ ကိုယ်ကြမ္မာကိုယ်ဖန်းနိုင်ပြီး စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးကို မျှော်မှန်းထားတယ်လို့ ဆိုထားပါတယ်။

ရွေးကောက်ပွဲ ကြေညာစာတမ်းမှာတော့ ကတိကဝတ် ၁၀ ခု ပေးထားပါတယ်။ အဲဒီကတိကဝတ်တွေမှာတော့ တိုင်းရင်းသားအခွင့်အရေးတွေကို ဥပဒေနဲ့ နည်းဥပဒေ ရေးဆွဲကာကွယ်တာ၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဖက်ဒရယ်  ပြည်ထောင်စု ကြန်အင်လက္ခဏာများ ပြည့်ဝတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေးမှာ ပါဝင်သွားမယ်လို့ ဆိုထားပါတယ်။

ဒါအပြင် ရော်ဘာကဲ့သို့သော စက်မှုကြမ်းသီးနှံများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးနဲ့ ပြည်ထောင်စုအတွက် စွမ်းဆောင်နိုင်တဲ့ စီမံကိန်းကြီးတွေကို ဒေသအတွင်း တည်ဆောက်သွားနိုင်ရေး ဦးဆောင်တင်ပြသွားမယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013