DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်၌ လူငယ်ကိုယ်စားလှယ်လောင်း ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
DVB
·
September 13, 2020
ကရင်ပြည်နယ်၌ လူငယ်ကိုယ်စားလှယ်လောင်း ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
Donate to DVB

ကရင်ပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ အသက်အငယ်ဆုံး သတ်မှတ်ချက်အတိုင်း ဝင်ရောက်အရွေးချယ်ခံမယ့် လူငယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၉ ဦးရှိတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၊ အတွင်းရေးမှူး ဦးမောင်မောင်နိုင်က ပြောပါတယ်။

လူငယ် ကိုယ်စားလှယ်လောင်းတွေဟာ အသက် ၂၅ နှစ်နဲ့ ၃၅ နှစ်အရွယ်တွေဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၉ ခုက ဖြစ်တယ်လို့ ဆိုပါတယ်။

“လူငယ်တွေကို နေရာပေးပါ။ ပေးပါ ပြောနေတယ်။ အခု နိုင်ငံရေးပါတီတွေအနေနဲ့ လူငယ် ကိုယ်စားလှယ်လောင်းက နည်းတယ်။ နိုင်ငံရေးမှာ လူငယ်တွေ များများပါဝင်လာသင့်တယ်။”

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တသီးပုဂ္ဂလပါတီတွေက ၁ ဦးစီ၊ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတွေက ၂ ဦးစီဖြစ်ပါတယ်။

ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတွေက ၄ ဦးစီ အမည်စာရင်း တင်သွင်းထားပြီး အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၃ ဦး ပါဝင်တယ်လို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် စာရင်းတွေအရ သိရပါတယ်။

၂၀၁၉ ဇွန်လက စတင်ပြီး ၂၀၂၀ ဇွန်လအထိ ကောက်ခံထားရရှိထားတဲ့ အချက်အလက်တွေအရ မဲပေးပိုင်ခွင့်ရှိသူ ၁၁ သိန်းနီးပါးရှိပါတယ်။

ကရင်ပြည်နယ်အတွင်း လူဦးရေ ၁၅ သိန်းကျော်၊ ကျေးရွာပေါင်း ၂၀၀၀ ကျော်ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေအတွင်း ဖွင့်လှစ်ခွင့်ရရှိတဲ့ မဲရုံတွေ အပါအဝင် မဲရုံပေါင်း ၈၅၀ ကျော်ကို ကျေးရွာအုပ်စု ၄၆၂ စုအတွင်းက မဲရုံပေးပိုင်ခွင့်ရှိတဲ့ ကျေးရွာအုပ်စု ၄၀၇ စုမှာ မဲရုံဖွင့်လှစ်သွားမှာပါ။

၂၀၁၅ ခုနှစ်က မဲရုံပေါင်း ၆၅၆ ရုံ၊ တပ်မဲရုံ ၄၄ ရုံ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်ပေါင်း ၂၆၁ ဦးရှိပြီး ၂၀၂၀ ခုနှစ်အတွက် ကိုယ်စားလှယ်လောင်း ၂၃၃ ဦး စာရင်းတင်သွင်းထားတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီစတဲ့ ပါတီ ၁၆ ခုက ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

ရဲမင်းခေါင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013