DVB Logo
Home
မြန်မာသတင်း
ကောလင်းမြို့တွင် ကိုဗစ်-၁၉ လူနာ ၁ ဦး ပထမဆုံးတွေ့ရှိ
DVB
·
September 13, 2020
ကောလင်းမြို့တွင် ကိုဗစ်-၁၉ လူနာ ၁ ဦး ပထမဆုံးတွေ့ရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ ကိုဗစ်-၁၉ လူနာ အမျိုးသား ၁ ဦး ပထမဆုံး တွေ့ရှိခဲ့ပြီး ပြည်သူ့ဆေးရုံမှာ ကုသထားတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ နေထိုင်ခဲ့တဲ့ ရောဂါပိုးတွေ့ရှိတဲ့ လူနာဟာ စက်တင်ဘာ ၄ ရက်နေ့က မန္တလေး-ကောလင်း အောင်ရတနာကားနဲ့ ရောက်ရှိလာပြီးနောက် ကောလင်းမြို့နယ်၊ ပဒုမ္မာကျေးရွာကို ရောက်ရှိကာ ပဒုမ္မာကျေးရွာက Quarantine စင်တာမှာ ထားရှိပြီး စောင့်ကြည့်နေတာလို့ ဆိုပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့က Swab ရယူပြီး မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနကို ပို့ဆောင်စစ်ဆေးခဲ့ရာကနေ ဒီနေ့မနက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် စာရင်းထဲ ပါလာတာပါ။

မြို့နယ်အဆင့် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူတဦးက “ရောဂါပိုး တွေ့ရှိပေမယ့် အသွားအလာကန့်သတ်ထားတဲ့သူ ဖြစ်လို့ ဒေသခံတွေအနေနဲ့ အစိုးရိမ်မလွန်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း တိတိကျကျ လိုက်နာနိုင်ဖို့ပဲ အရေးကြီးတယ်” လို့ ပြောပါတယ်။

ရောဂါပိုးတွေ့ရှိတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားကို ကောလင်းမြို့၊ ပြည်သူ့ဆေးရုံမှာ Isolation Room မှာ သီးခြားထားရှိ ကုသဆောင်ရွက်သွားမှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ထိတွေ့ခဲ့သူတွေကို အသွားအလာကန့်သတ်ကာ ဓာတ်ခွဲနမူနာယူစစ်ဆေးမှာဖြစ်ပြီး ထိတွေ့ခဲ့သူတွေကိုတော့ စုံစမ်းဆဲဖြစ်တာကြောင့် ဘယ်နှဦးရှိတယ်ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

သတင်း - ကျော်ဇေယျ(ရွှေကူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013