DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၂၀၁ ဦး စံချိန်တင် တွေ့ရှိ၊ စုစုပေါင်း  ၂,၇၉၆ ဦး ရှိလာ
DVB
·
September 13, 2020
ကိုဗစ်-၁၉ လူနာသစ် ၂၀၁ ဦး စံချိန်တင် တွေ့ရှိ၊ စုစုပေါင်း  ၂,၇၉၆ ဦး ရှိလာ
Donate to DVB

ဓာတ်ခွဲနမူနာ ၁,၆၉၇ ခုအား ဒုတိယသုတ်အဖြစ် ထပ်စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၀၁ ဦး စံချိန်တင်ထပ်မံတွေ့ရှိပြီး စုစုပေါင်း ၂,၇၉၆ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) က ၁,၀၀၅ ခု၊ ဆေးသုတေသနဦးစီးဌာနက ၁၈၈ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) က ၂၉၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၁၇၅ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀ က ဒုတိယအသုတ် ၂၁ ခု၊ ပုသိမ်မြို့ - ပြည်သူ့ဆေးရုံကြီးက ၁၂ ခု၊

 မြဝတီမြို့  ပြည်သူ့ဆေးရုံကြီးက ၁ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၆၉၇ ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ပြီး အတည်ပြုလူနာသစ် ၂၀၁ စံချိန်တင်တွေ့ခဲ့တာပါ။ 

မနေ့ညက ဓာတ်ခွဲနမူနာ ၂,၄၂၃ ခုအား ပထမသုတ်အဖြစ် စစ်ဆေးရာမှာလည်း ကိုဗစ်-၁၉ လူနာသစ် ၁၅၀ ဦး တွေ့ရှိပြီး လူနာ ၁ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် စက်တင်ဘာ ၁၂ ရက်နေ့ တရက်တည်း လူနာသစ် ၃၅၁ ဦး စံချိန်တင် တွေ့ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂,၇၉၆ ဦး၊ သေဆုံးသူ ၁၆ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးသူ ၆၇၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၃၁ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013