DVB Logo
Home
မြန်မာသတင်း
သုဝဏ္ဏ အားကစားကွင်းတွင် လူ ၂၀၀ ဆံ့ Quarantine စင်တာတည်ဆောက်
DVB
·
September 12, 2020
သုဝဏ္ဏ အားကစားကွင်းတွင် လူ ၂၀၀ ဆံ့ Quarantine စင်တာတည်ဆောက်
Donate to DVB

လူ ၂၀၀ လောက် ထားနိုင်မယ့် ယာယီ Quarantine စင်တာတခုကို သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းမှာ တည်ဆောက်နေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ဖော်ရေးသားထားပါတယ်။ 

ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလမှာ ပိုးတွေ့လူနာတွေများလာတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီး ယာယီ Quarantine စင်တာ ဆောက်နိုင်ဖို့ လုပ်ဆောင်တာဖြစ်ပြီး ၅ ရက်အတွင်း Quarantine စင်တာဖြစ်အောင် တည်ဆောက်နေတာ ဖြစ်ပါတယ်။ 

ပထမအဆင့်အနေနဲ့ လူ ၂၀၀ ဆံ့အောင် တည်ဆောက်မှာဖြစ်ပြီး နောက်ထပ် လူ ၄၀၀ လောက် ထပ်ထားနိုင်ဖို့လည်း စီစဉ်မယ်လို့ ဦးဇော်ဇော်က ရေးသားထားတာပါ။ 

ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ နေထိုင်စားသောက်ရေးကိစ္စကိုလည်း တာဝန်ယူသွားမယ်လို့ ဆိုပါတယ်။ 

ရန်ကုန်တိုင်းအတွင်းမှာ အသွားအလာကန့်သတ်ထားသူ စုစုပေါင်း ၆၆၀၀ ကျော်ရှိပြီး အတည်ပြုလူနာတွေကိုတော့ ဆေးရုံကြီး ၇ ရုံမှာ ဆေးကုသမှုပေးနေတာပါ။ ရန်ကုန်တိုင်းအတွင်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄၀၀ နီးပါး ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013