DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၂၃ ဦး ထပ်တွေ့၊ စုစုပေါင်း ၂,၄၄၅ ဦး ရှိလာ
DVB
·
September 12, 2020
ကိုဗစ်-၁၉ လူနာသစ် ၂၃ ဦး ထပ်တွေ့၊ စုစုပေါင်း ၂,၄၄၅ ဦး ရှိလာ
Donate to DVB

ဓာတ်ခွဲနမူနာ ၁,၆၃၄ ခုအား ဒုတိယသုတ်အဖြစ် စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာစ် ၂၃ ဦး တွေ့ရှိခဲ့ပြီး စုစုပေါင်း လူနာ ၂,၄၄၅ ဦးရှိပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ၉၈၁ ခု၊ ဆေးသုတေသနဦးစီးဌာနက ၉၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၂၈၃ ခု၊  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၁၆၃ ခု၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် ၁,၀၀၀ က ၁၂ ခု၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးက ၁၂ ခု၊ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးက ၂၉ ခု၊ မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးက ၂၂ ခု၊ မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးက ၁၂ ခု၊ ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးက ၆ ခု၊ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးက  ၃ ခု၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးက ၃ ခု၊ ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးက  ၅ ခု၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးက ၄ ခု၊ မြဝတီမြို့ ပြည်သူ့ဆေးရုံကြီးက  ၃ ခုနဲ့ ဗန်းမော်မြို့ ပြည်သူ့ဆေးရုံကြီးက ၂ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၆၃၄ ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ပြီး အတည်ပြုလူနာသစ် ၂၃ ဦးတွေ့ရှိခဲ့တာပါ။

မနေ့ညက ဓာတ်ခွဲနမူနာ ၂,၄၇၅ ခုကို ပထမသုတ်အဖြစ် စစ်ဆေးရာမှာလည်း  လူနာသစ်  ၁၅၇ ဦး တွေ့ရှိခဲ့တာကြောင့် စက်တင်ဘာ ၁၁ ရက်နေ့မှာ အတည်ပြုလူနာသစ် စုစုပေါင်း ၁၈၀ တွေ့ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်း ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂,၄၄၅ ဦး၊ သေဆုံးသူ ၁၄ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုသူ ၆၂၅ ဦးနဲ့ စောင့်ကြည့်လူနာအသစ်  ၁၈၆  ဦးရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၈ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၉၁၀၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ သန်း ၂၀ ကျော်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013