DVB Logo
Home
မြန်မာသတင်း
Stay At Home ၂၉ မြို့နယ်က ပြည်သူများ စျေးဝယ်ရာတွင် ကူညီပေးရန် ညွှန်ကြားထား
DVB
·
September 11, 2020
Stay At Home ၂၉ မြို့နယ်က ပြည်သူများ စျေးဝယ်ရာတွင် ကူညီပေးရန် ညွှန်ကြားထား
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ဒုတိယအကျော့မှာ ကူးစက်မှုဒဏ်ပိုခံလာရတဲ့ ရန်ကုန်တိုင်းက နေအိမ်မှာ နေထိုင်ရေး Stay At Home သတ်မှတ်ထားတဲ့ ၂၉ မြို့နယ်မှာ ဆိုင်ထိုင်စားခွင့်မပြုတော့ကြောင်းနဲ့ ပြည်သူတွေစျေးဝယ်ရာမှာလည်း ကူညီပေးဖို့ မြို့နယ်စည်ကော်မတီတွေကို ညွှန်ကြားထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ဒီဗွီဘီကို ပြောပါတယ်။

"Stay At Home က ပြည်သူတွေကို စျေးဝယ်ရာမှာ ကူညီပေးဖို့ရယ်၊ သားငါး ဟင်းသီးဟင်းရွက်ရောင်းတဲ့စျေးတွေကို  ဖွင့်စေဖို့ရယ်ပါ။"လို့ ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မြို့နယ်စည်ပင်တွေကို ညွှန်ကြားစာမှာတော့ စားသောက်ဆိုင်တွေ ပါဆယ်စနစ်နဲ့ပဲ ရောင်းချဖို့ စည်းရုံးစစ်ဆေး ကြပ်မတ်ဆောင်ရွက်ဖို့၊ မြို့နယ်တွင်းက စျေးတွေမှာ သား၊ ငါး ၊ ဟင်းသီးဟင်းရွက်၊ ကုန်ခြောက်ဆိုင်တွေပဲ ဖွင့်လှစ်ရောင်းချရေး စည်းရုံးဆောင်ရွက်ဖို့ ၊Stay At Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ရပ်ကွက်လမ်းတွေထဲမှာ ရောဂါထိန်းချုပ်ရေးလုပ်နေတဲ့ ရပ်မိရပ်ဖ၊ ရပ်ကွက်အုပ်ချုပ်ရေး၊ လူမှုရေးအသင်းအဖွဲ့၊ ပရဟိတသမားတွေနဲ့ ဆက်သွယ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့ ပါရှိပါတယ်။

တောင်ဥက္ကလာပမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ  ဦးကျော်ဇေယျာဝင်းက "ဒီလိုမျိုးရပ်ကွက်ထဲမှာ ပထမလှိုင်းတုန်းကပုံစံနဲ့ အခုဒုတိယလှိုင်းပုံစံနဲ့က သိပ်မတူဘူးဗျ။ ဒါကြောင့်မလို့ ဒီလိုမျိုး နဂိုကတော့ ဒေသန္တရအုပ်ချုပ်ရေးပိုင်းကို ကော်မတီအနေနဲ့ပဲ ဝင်ကူညီတာပေါ့နော်။ အခုဟာကတော့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ကူညီပေးပါဆိုတာကို ညွှန်ကြားတာပါ။" လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013