DVB Logo
Home
မြန်မာသတင်း
ထိုင်းအစိုးရက မြန်မာအကျဉ်းသား ၈၀ ကျော်ကို ထပ်မံလွှဲပေး
DVB
·
September 11, 2020
ထိုင်းအစိုးရက မြန်မာအကျဉ်းသား ၈၀ ကျော်ကို ထပ်မံလွှဲပေး
1 / 5
Donate to DVB

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရပြီး လွတ်ရက်စေ့တဲ့ မြန်မာအကျဉ်းသား ၈၇ ဦးကို   ထိုင်းအာဏာပိုင်တွေက စက်တင်ဘာ ၇ ရက်နေ့က ရနောင်းကနေတဆင့် မြန်မာနိုင်ငံ ကော့သောင်းဘက်ကို လွှဲအပ်ပေးခဲ့ပါတယ်။  

ထိုင်းနိုင်ငံ ခရိုင် ၁၄ ခုမှာ လွတ်ရက်စေ့မြန်မာအကျဉ်းသားပေါင်း ၈၀၀ ကျော် ရှိတဲ့အနက် မြန်မာဘက်က ကွာရန်တင်းစင်တာဆံ့မဆံ့ပေါ်မူတည်ပြီး လက်ခံရတာကြောင့် ၇ ရက်နေ့ကတော့ ၈၇ ဦးသာ လက်ခံခဲ့တာလို့  နေရပ်ပြန်တွေကို  နေရာချထားရေးမှာ တဘက်တလမ်း ကူညီနေတဲ့ ကော့သောင်းရှိ FED - Mec ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ပညာပေးစင်တာ တာဝန်ခံ ကိုမိုး ဝေက ဒီဗွီဘီကို ပြောပါတယ်။ 

“လူတွေပြည့်နေလို့ သံအရာရှိတွေက ညှိနှိုင်းပြီး ပိုပြီး အရေးကြီးတဲ့သူ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ နေမကောင်းသူတွေ ဦးစားပေးပြီး လက်ခံရတာ ဖြစ်တယ်။ ဒီတခေါက်ရောက်လာ တာ ၈၆ ဦး အမျိုးသမီး ၇ ဦးပါပါတယ်ခင်ဗျ။ သူတို့က ဘာအမှုနဲ့ အဖမ်းခံရလဲဆိုတော့ အများအားဖြင့် အထောက်အထားမပြည့်စုံတာ၊ အလုပ်သမားလက်မှတ် သက်တမ်းကုန်တာ၊ အလုပ်ရှင်မတူတာ၊ လူကုန်ကူးခံရတာတွေပါပဲ။ ကြီးကြီးမားမား ရာဇဝတ်မှု ကျူးလွန်တာ မဟုတ်ပါဘူး။”  

ထိုင်းမှာ ပြစ်ဒဏ်က လွတ်ရက်စေ့ရင် ကိုယ့်ဖာကိုယ်ပြန်လာလို့လည်းရပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ကာလသွားလာမှုတွေ ကန့်သတ်ထားတာကြောင့် အခုလို ပိတ်မိနေတာ ဖြစ်ကြောင်း၊  မိမိဖာသာပြန်ရင် လမ်းစရိတ်မှာလည်း အနည်းဆုံး ဘတ် ၅၀၀၀ ကုန်ကျတာမို့ နှစ်နိုင်ငံအစိုးရ ပူးတွဲဆောင်ရွက်ရေးအစီအစဉ်နဲ့ ပြန်လာရတာလို့ သူကဆက်ပြောပါတယ်။  

ကိုဗစ်-၁၉ ကာလ ထိုင်းအာဏာပိုင်တွေဘက်ကနေ လွှတ်ရက်စေ့မြန်မာအကျဉ်းသားတွေ ပြန်လွှဲပေးတာ ၂၀၂၀ မေလကစ ကနေ့ထိ ၄ ကြိမ်ရှိသွားပြီဖြစ်ပြီး  လူအယောက် ၃၀၀ ကျော်  ၄၀၀ နီးပါး ပါဝင်တယ်လို့ ဆိုပါတယ်။

ကော့သောင်းမှာ လောလောဆယ် ကွာရန်တင်းစင်တာ ၆ ခုဖွင့်ထားပေမယ့် အနယ်နယ် အရပ်ရပ်က နေရပ်ပြန်တွေလည်းပါတာကြောင့် နေရာအခက်အခဲဖြစ်နေရတာ ဖြစ်ကြောင်း၊ နဂိုက ကွာရန်တင်း ၂၁ ရက်ဝင်ရပြီး အခု ၁၄ ရက်လျှော့လိုက်တာကြောင့် နေရာအနည်းငယ် လွတ်သွားတာလို့ ကိုမိုးဝေက ပြောပါတယ်။ 

ထိုင်းမှာ ကျန်ရှိနေသေးတဲ့ လွတ်ရက်စေ့သူတွေမှာလည်း ပြန်လာလို့မရသေးတာကြောင့် အချုပ်ထဲမှာ ဆက်နေနေရပြီး  လူကြပ်တည်းတဲ့နေရာမှာ ရောဂါကူးစက်ခံရဖို့ စိုးရိမ်စရာရှိပြီး  မြန်မာအာဏာပိုင်တွေအနေနဲ့ သူတို့တွေကို အမြန်ဆုံးမိခင်နိုင်ငံ ပြန်ခေါ်နိုင်အောင်စီစဉ်ပေး စေလိုတယ်လို့ ပြောပါတယ်။

တဘက်မှာလည်း ကော့သောင်းရှိ ကွာရန်တင်းစင်တာမှာ စားရေးသောက်ရေး နေထိုင်ရေးကို လူမှုကူညီရေး၊  ရပ်မိရပ်ဖ၊ ကော့သောင်းဒေသခံတွေက ဝိုင်းကူနေရပြီး ရေရှည်မှာတော့ အခက်အခဲ ဖြစ်နိုင်ချေရှိပါတယ်။   

ဓာတ်ပုံများ- THAIMECC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013