DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁၁၅ ဦးထပ်မံတွေ့ရှိ၊ စုစုပေါင်း လူနာ ၂,၂၆၅ ဦးရှိလာ
DVB
·
September 11, 2020
ကိုဗစ်-၁၉ လူနာသစ် ၁၁၅ ဦးထပ်မံတွေ့ရှိ၊ စုစုပေါင်း လူနာ ၂,၂၆၅ ဦးရှိလာ
Donate to DVB

ဓာတ်ခွဲနမူနာ ၁,၃၇၀ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၁၅ ဦးတွေ့ရှိခဲ့ပြီး နိုင်ငံတဝန်း စုစုပေါင်းလူနာ ၂,၂၆၅ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၀၀၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) က ၁၁၉ ခု၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးက  ၈၁ ခု၊ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးက ၅၈ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀ က ၂၃ ခု၊ ထားဝယ်မြို့  ပြည်သူ့ဆေးရုံကြီးက ၅ ခု၊ မြောင်းမြမြို့  ပြည်သူ့ဆေးရုံကြီးက  ၃ ခု၊ ပုသိမ်မြို့  ပြည်သူ့ဆေးရုံကြီးက ဓာတ်ခွဲနမူနာ ၁၁ ခု၊ မကွေးမြို့  ပြည်သူ့ဆေးရုံကြီးက ၉ ခု၊ လွိုင်ကော်မြို့  ပြည်သူ့ဆေးရုံကြီးက ၃ ခု၊ မြဝတီမြို့ ပြည်သူ့ဆေးရုံကြီးက ၉ ခု၊ တာချီလိတ်မြို့  ပြည်သူ့ဆေးရုံကြီးက ၁၆ ခု၊ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးက ၂ ခု၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးက ၈ ခုနဲ့ ဗန်းမော်မြို့  ပြည်သူ့ဆေးရုံကြီးက ၁၈ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၃၇၀ ခုတို့အား ဒုတိယသုတ်အဖြစ် ထပ်မံစစ်ဆေးပြီးစီးခဲ့ပြီး ကိုဗစ်-၁၉ လူနာသစ် ၁၁၅ ဦးတွေ့ရှိခဲ့တာပါ။

မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ စုစုပေါင်း ၂,၀၄၇ ခုအား စစ်ဆေးရာမှာလည်း လူနာသစ် ၁၄၂ ဦး တွေ့ရှိတာကြောင့် စုစုပေါင်း ၂၄ နာရီအတွင်း ၂၅၇ ဦး တွေ့ရှိခဲ့တာပါ။

လူနာသစ်တွေရဲ့ သတင်းအချက်အလက်တွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

 မြန်မာနိုင်ငံမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂,၂၆၅ ဦး၊ သေဆုံးသူ ၁၄ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၆၂၅ ဦးနဲ့  စောင့်ကြည့်လူနာအသစ် ၂၂၉ ဦး ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013