
ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအနောက်ရပ်ကွက်မှာ ဘယ်ကကူးမှန်းမသိတဲ့ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် တစ်ယောက်တွေ့ရှိကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာသီတာတင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
ဒီနေ့မနက် ၈ နာရီသတင်းထုတ်ပြန်ချက်ထဲက ရန်ကုန်က ပိုးတွေ့လူနာ ၅၁ ယောက်ထဲမှာ ဆိပ်ကြီးခနောင်တိုမြို့နယ်က လူငယ်အမျိုးသမီး တစ်ဦးလည်းပါဝင်ပြီး ဆေးရုံကြီးမှာ ဆေးရုံတက်ရင်း နှာခေါင်းနဲ့ အာခေါင်ဖတ် ဓာတ်ခွဲ နမူနာယူ စစ်ဆေးရာမှာ ပိုးတွေ့ခဲ့တာပါ။
သူနဲ့ ထိတွေ့သူတွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆော်ငရွက်သွားမယ်လို့ပြောပါတယ်။
ရန်ကုန်မှာ ဒီမနက်ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ အယောက် ၁၂၀ ထဲမှာ ရန်ကုန်တိုင်း ၂၄ မြို့နယ်ထဲက ၅၁ ယောက်ရောဂါပိုးကူးစက်ခံရတာဖြစ်ပါတယ်။











