DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ကျန်းမာရေးကောင်းမွန်ဟု ဦးဇော်ဌေး ပြော
DVB
·
September 9, 2020
သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ကျန်းမာရေးကောင်းမွန်ဟု  ဦးဇော်ဌေး ပြော
Donate to DVB

သမ္မတရုံးက လက်ထောက်ညွှန်ကြားရေးမှူး အရာရှိတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့တာကြောင့် နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထိတွေ့ ဆက်စပ်သူအားလုံးကို မနေ့ကနဲ့ ဒီနေ့  စစ်ဆေးတာမှာ အားလုံး Negative ဖြစ်တယ်လို့  သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ  ဦးဇော်ဌေးက ပြောပါတယ်။

“ နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရော ကျန်းမာရေး ကောင်းမွန်ပါတယ်။ စိတ်ပူစရာမရှိပါဘူး။ လုပ်ငန်းတာဝန်တွေ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိပါတယ် ” လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့အပြင် သမ္မတအိမ်တော်က ကျန်တဲ့ဌာနတွေ၊ သမ္မတရုံးက ကျန်တဲ့ဌာနတွေက ဝန်ထမ်းတွေကို တစ်ဝက်နား တစ်ဝက် ဆင်း စနစ်နဲ့ ဆောင်ရွက်နေပြီး အစိုးရ ယန္တရားပုံမှန်လည်ပတ်နေတယ်လို့လည်း ပြောပါတယ်။

ပိုးတွေ့တဲ့ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်အရာရှိဟာ လူကြီးတွေနဲ့ တိုက်ရိုက်ထိတွေ့ရသူ မဟုတ်ဘူးလို့လည်း သိရပါတယ်။

သူနဲ့အတူ ဌာနက ၁၁ ဦး ကို စစ်းဆေးတာမှာ ၁၁ ဦးလုံး Negative အဖြေထွက်တယ်လို့ ဆိုပါတယ်။

“ပိုးတွေ့သူနဲ့ တွေ့တဲ့သူတွေရော၊ မတွေ့ပေမယ့် နေရာနီးတဲ့သူတွေ အားလုံးကိုလည်း Quarantine ဝင်ခိုင်းပြီး စစ်ဆေးထားတာဖြစ်တယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။

စက်တင်ဘာ ၄ ရက်က သမ္မတအိမ်တော်မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲကို တက်ရောက်သတင်းယူတဲ့ သတင်းထောက်တွေကိုလည်း မနက်ဖြန်မှာ ကိုဗစ်-၁၉ ပိုးရှိ မရှိ စစ်ဆေးသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013