
မက္ကဆီကိုရေတပ်က မေ ၁၇ ရက်မှာ ဂျာလစ္စကို၊ နာယာရစ်နဲ့ စီနာလိုအာ ပြည်နယ်တွေမှာ ရှိတဲ့ လျှို့ဝှက် မက်သ်အမ်ဖီတမင်း စိတ်ကြွဆေး ထုတ်လုပ်ရာ ဓာတ်ခွဲခန်း ၅ ခုကို ဖြိုခွင်းခဲ့ပြီး မက်သ် တတန်ကျော်နဲ့ ဓာတုပစ္စည်း လီတာ ၁၀,၀၀၀ နီးပါးကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။
စစ်ဆင်ရေးတွေကို ရေတပ်က လုံခြုံရေးအတွင်းဝန်ရုံးနဲ့ ရှေ့နေချုပ်ရုံးတို့နဲ့ ပူးပေါင်းပြီး ဦးဆောင်ခဲ့တာပါ။
ဓာတုဆေးဝါး ထုတ်လုပ်မှုအတွက် ရည်စူးထားတဲ့ ရာဇ၀တ်မှုဆိုင်ရာ ဖွဲ့စည်းပုံတွေကို ပစ်မှတ်ထားတယ်လို့ ရေတပ်က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
ပွယ်တို ဗိုင်ယာတာ အပန်းဖြေမြို့နားက ဓာတ်ခွဲခန်း တည်နေရာကို ရေတပ်ထောက်လှမ်းရေးက အတည်ပြုပြီးတဲ့နောက် ခုလို စီးနင်းခဲ့တာပါ။
ဒီစီးနင်းမှုဟာ ပြီးခဲ့တဲ့လက ဖမ်းမိခဲ့တဲ့ အယ်လ် ဟာဒီနေရိုလို့ ခေါ်တဲ့ အော်ဒီယာစ် ဖလောရက်စ် ဆေးလ်ဗားနဲ့ ဆက်စပ်နေတယ်လို့လည်း အာဏာပိုင်တွေက ဖော်ပြပါတယ်။
ဖမ်းဆီးရမိတဲ့ ပစ္စည်းအားလုံးကို မသုံးနိုင်တော့ဘဲ တရားဝင်စုံစမ်းစစ်ဆေးမှုတွေစဖို့ ရှေ့နေတွေဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရေတပ်က ထုတ်ပြန်ပါတယ်။
Source: Reuters










