DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉  ရောဂါအတည်ပြုလူနာသစ် ၉၉ ဦးထပ်တွေ့၊  သေဆုံးသူ ၂ ဦးထပ်တိုး
DVB
·
September 8, 2020
ကိုဗစ်-၁၉  ရောဂါအတည်ပြုလူနာသစ် ၉၉ ဦးထပ်တွေ့၊  သေဆုံးသူ ၂ ဦးထပ်တိုး
Donate to DVB

ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၉၉ ဦးထပ်မံစစ်ဆေးတွေ့ရှိရပြီး ရောဂါ ကူးစက်ခံ လူနာ ၂ ဦး ထပ်မံသေဆုံးသွားတယ်လို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ည ထုတ်ပြန်ချက်အရသိရပါတယ်။

မော်လမြိုင်ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၆၅) နှစ်အရွယ် ဆီးချို၊ သွေးတိုးရောဂါအခံရှိသူ အမျိုးသားတစ်ဦးဖြစ်တဲ့ အတည်ပြုလူနာ (Case – 1629) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူလမ်းကြောင်း ရုတ်တရက် ပျက်စီးတဲ့ ရောဂါနဲ့ စက်တင်ဘာ ၇ ရက် နေ့လယ် ၁၂ နာရီခွဲ လောက်က သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) မှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၈၂) နှစ် အရွယ် ဆီးချို၊ သွေးတိုးရောဂါ အခံရှိသူ အမျိုးသမီးတစ်ဦးဖြစ်တဲ့ အတည်ပြုလူနာ (Case – 1485) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူလမ်းကြောင်း ရုတ်တရက် ပျက်စီးတဲ့ ရောဂါနဲ့ စက်တင်ဘာ ၈ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်မှာ  သေဆုံးခဲ့တာလို့ ဆိုပါတယ်။

လူနာသစ် ၉၉ ဦးကတော့ ရန်ကုန်တိုင်းက ၇၅  ဦး၊  မန္တလေးတိုင်း မြင်းခြံက ၁၁ ဦး၊ သာစည်က ၄ ဦး၊ အောင်မြေသာဇံက ၁ ဦး၊ ရခိုင်ပြည်နယ် စစ်တွေက ၃ ဦး၊ ကျောက်ဖြူက ၂ ဦးနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားက ၁ ဦးနဲ့ မွန်ပြည်နယ် မော်လမြိုင်က ၂ ဦးတို့ ဖြစ်ကြပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၁၀၄၆ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၃၅၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၃၆၈ ခု အပါအဝင် စုစုပေါင်း ၂,၂၃၅ ခုကို ဒီကနေ့  ညနေ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၉၉ ဦး တွေ့ရှိရတာပါ။

စက်တင်ဘာ ၈ ရက်ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၁,၇၀၉ ဦး၊ သေဆုံးသူ ၁၀ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၄၆၀ ဦး စောင့်ကြည့်လူနာအသစ် ၁၈၈ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013