DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်-ပန်းတောင်းလမ်း ကပစ (၁၆) ကာကင်းစခန်းကုန်းအနီး တိုက်ပွဲပြင်းထန်
DVB
·
May 7, 2026
Photo: APM+AA
Photo: APM+AA
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့ကို ဆက်သွယ်ထားတဲ့ ရိုးအောက်ခြေ ဝန်းကျင်က စစ်အာဏာရှင်တပ်ရဲ့ ကပစ (၁၆) ရဲ့ ကာကင်းစခန်းကုန်းဝန်းကျင်တွေမှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေးနီးစပ်သူတွေဆီက သိရပါတယ်။

ပန်းတောင်းမြို့နယ်အပိုင် စစ်တပ်ရဲ့ ဗုံးသီးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ယမ်းချက်စက်ရုံ ကပစ (၁၆) ရဲ့ အဓိကကာကင်းကုန်း နောက်တကုန်းဖြစ်တဲ့ ပွိုင့် (၅၀၀) ကာကင်းကုန်းနဲ့ အနီးဝန်းကျင်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) မဟာမိတ်‌တော်လှန်‌ရေးတပ်တွေနဲ့ မေ ၅ ရက်ကနေ ဒီနေ့ ၇ ရက်အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA နဲ့ နီးစပ်သူက  ပြောပါတယ်။

“ပွိုင့် ၅၀၀ က ဒုတိယကုန်းပေါ့။ အဲဒီအနီးအနားဝန်းကျင်တွေမှာ ဖြစ်နေကြတာ။ အပြန်အလှန် ပစ်ခတ်မှုက ဒီနေ့နဲ့ဆို ၃ ရက်လောက်ရှိပြီ။”

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကပစ (၁၆) လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ် ဘက်က ကပစ (၁၆) နောက်ထပ် အတိုက်ခံရမယ် စိုးရိမ်တာကြောင့် ကပစ (၁၆) ဝန်းကျင်ရှိ ကာကင်းစခန်းတွေမှာ အင်အားထပ်မံဖြည့်ပြီး AA နဲ့ မဟာမိတ်‌တော်လှန်ရေးတပ်တွေ ထိန်းချုပ်ရာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ကပစ (၁၆) လည်း လက်နက်ကြီး ထိထားတယ်။ ဒီတော့ အရင်ကထက် စစ်ကောင်စီက အောက်လက်ငယ်သားတွေကို ဖိအားပေးတော့ ထိုးစစ်ဆင်ပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတာ။ အဓိက ပြည့်သူ့စစ်သင်တန်းဆင်းတွေ ဆိုတော့ ဘယ်လောက်တိုက်တိုက် သူတို့က တိုက်ခိုက်စွမ်းရည် မရှိဘူးလေ။ ထွက်ပြေးတာတွေ၊ ကျတာတွေ များနေတယ်” လို့ ပြောပါတယ်။

ဧပြီ နောက်ဆုံးပတ်တွေမှာလည်း ကပစ (၁၆) ဝန်းကျင်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်အာဏာရှင်တပ်က  တပ်သားတချို့ AA ရဲ့ စနိုက်ပါကြောင့် သေဆုံးသူများခဲ့သလို တချို့ထွက်ပြေးသွားသူတွေကိုတော့ AA နဲ့ မဟာမိတ်တွေက ဖမ်းဆီးထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013