DVB Logo
Home
မြန်မာသတင်း
၁ ရက်အတွင်း တိုင်းနှင့်ပြည်နယ် ၇ ခုက မြို့နယ်ပေါင်း ၃၉ မြို့နယ်တွင် ၁၄၆ ယောက်ပိုးတွေ့
DVB
·
September 8, 2020
၁ ရက်အတွင်း တိုင်းနှင့်ပြည်နယ် ၇ ခုက မြို့နယ်ပေါင်း ၃၉ မြို့နယ်တွင် ၁၄၆ ယောက်ပိုးတွေ့
Donate to DVB

စက်တင်ဘာ ၇ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၂,၆၉၇ ခုကို နှစ်သုတ်ခွဲစစ်ဆေးရာမှာ တိုင်းနဲ့ ပြည်နယ် ၇ ခုက မြို့နယ်ပေါင်း ၃၉ မြို့နယ်က လူပေါင်း ၁၄၆ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုးတွေ့လူနာသစ် ၁၄၆ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၁၀၄ ယောက်နဲ့ အများဆုံးတွေ့ရှိတာဖြစ်ပါတယ်။ ရန်ကုန်ပြီးရင် ရခိုင်ပြည်နယ်က ၂၄ ယောက်နဲ့ ဒုတိယအများဆုံးတွေ့ရပါတယ်။

ဓာတ်ခွဲနမူနာစစ်ဆေးမှုရလဒ်အရ ရောဂါပိုးမတွေ့ရှိရသေးတဲ့ ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်၊ ဧရာဝတီတိုင်းက အိမ်မဲမြို့နယ်နဲ့ ရန်ကုန်တိုင်းက ခရမ်းမြို့နယ်တို့ ပါဝင်လာပါတယ်။

ပိုးတွေ့စာရင်းအရ ခရီးသွားရာဇဝင်မရှိဘဲ ဘယ်ကကူးမှန်းမသိတဲ့သူပေါင်း ၅၁ ယောက် ပါဝင်လာပြီး အတည်ပြုလူနာတွေနဲ့ ထိတွေ့ရာကနေ ရောဂါကူးစက်ခံရသူ ၈၉ ယောက်ရှိကာ ကူးစက်မှုရာဇဝင်စုံစမ်းနေဆဲကတော့ ၅ ယောက်ရှိပြီး ၊ ပြည်ပခရီးသွားရာဇဝင်ရှိသူ ၁ ယောက်မှာလည်း ရောဂါပိုးတွေ့ရှိထားပါတယ်။

ရန်ကုန်တိုင်းက ပိုးတွေ့လူနာ ၁၀၄ ယောက်နဲ့ စံချိန်ထပ်တင်ပြီး၊ မြို့နယ်ပေါင်း ၂၈ မြို့နယ်မှာ ရောဂါကူးစက်ခံထားရပါတယ်။

ရန်ကုန်တိုင်းက မြို့နယ်တွေမှတော့ တောင်ဥက္ကလာပမြို့နယ်က ပိုးတွေ့လူနာ ၁၉ယောက်နဲ့ အများဆုံးတွေ့ရှိထားပါတယ်။

လတ်တလောမှာ တိုင်းကိုဗစ်ကော်မတီ၊ တိုင်းကျန်းမာရေးဌာနနဲ့ မြို့နယ်ကိုဗစ်ကော်မတီတို့ က ပိုးတွေ့လူနာများတဲ့ ရပ်ကွက်တွေမှာ လူနာကွင်းဆက်တွေရှာဖွေဖော်ထုတ်ဖို့ ကျန်းမာရေး စစ်ဆေးတာတွေ လုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013